1. Home
  2. Movie Stars - Celebrity

အသက် ၃၅ နှစ်ပြည့်မွေးနေ့မှာ လိုအပ်နေသူတွေကို အလှူဒါနများပြုခဲ့တဲ့ မအေးသောင်း

Movie Stars - Celebrity พ.ค. 28, 2562 view 1,595

ရင့်ကျက်တည်ငြိမ်တဲ့ မမတစ်ယောက်ရဲ့ အငွေ့အသက်တွေလွှမ်းခြုံနေတဲ့ သရုပ်ဆောင် မအေးသောင်းဟာဆိုရင် အမြဲတမ်းအသက်ဝင်နေတဲ့ သူမရဲ့နှစ်လိုဖွယ်အပြုံး၊ အေးချမ်းတည်ငြိမ်တဲ့ သူမရဲ့အလှ၊ အချိုးအစားပြေပြစ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့ ပြည့်စုံလှပသူဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရပြီး ပုရိဿအပေါင်းရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းခံထားရသူလည်းဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ငယ်ရွယ်စဉ်အချိန်ကတည်းက အနုပညာလောကထဲကို ရောက်ရှိလာပြီး ပရိသတ်ရဲ့ချစ်မေတ္တာတွေကို ရယူသိမ်းပိုက်ခဲ့တဲ့ မအေးသောင်းကတော့ အပျိုကြီးမမအရွယ်သို့ရောက်ရှိလာပေမယ့် ပရိသတ်တွေကတော့ အချစ်မပြယ်ပဲ ချစ်မြဲချစ်ဆဲဖြစ်ပါတယ်။

အနုပညာလောကထဲကို တစ်ကျော့ပြန်လည်ရောက်ရှိလာပေမယ့် အချိန်တိုအတွင်း သူမရဲ့အောင်မြင်မှုတွေကို ပြန်လည်ရယူနိုင်ခဲ့တဲ့ မအေးသောင်းဟာဆိုရင် အပျိုကြီးမမတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကိုထိန်းသိမ်းထားသူဖြစ်ပြီး မနေ့က မေလ ၂၇ ရက်နေ့မှာ အသက် (၃၅) နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။

မအေးသောင်းဟာဆိုရင် သူမရဲ့မွေးနေ့မရောက်မီကတည်းက မွေးနေ့အတွက်အလှူအတန်းများကို ပြုလုပ်ခဲ့သလို မနေ့ကကျရောက်ခဲ့တဲ့ မွေးနေ့ရက်မြတ်မှာလည်း လိုအပ်နေသူတွေကို အလှူဒါနများပြုရင်း အမှတ်တရမွေးနေ့ကို ဖန်တီးခဲ့ပြန်ပါတယ်။ အဲ့ဒါကတော့ မအေးသောင်းတစ်ယောက် သူမရဲ့မွေးနေ့မှာ ကုတင် ၅၀၀ ဆေးရုံကြီးတွင် ကျောက်ကပ်ရောဂါဝေဒနာကြောင့် ဆေးကုသမှုခံယူနေရတဲ့ သရုပ်ဆောင်ကစ်ကစ်ထံသွားရောက်ကာ အလှူငွေများလှူဒါန်းပြီး အားပေးစကားများသွားရောက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကုတင် ၅၀၀ ဆေးရုံကြီးနဲ့ ကလေးဆေးရုံတို့တွင် သူမရဲ့မိသားစု၊ Fan များနဲ့အတူစူပေါင်းပြီး အာဟာရဒါနများလှူဒါန်းခဲ့ပြီး အမှတ်တရမွေးနေ့လေးအဖြစ် ကုသိုလ်တွေနဲ့ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ အသက် သုံးဆယ်ကျော် ငါးနှစ်အတွင်း အပျိုကြီးမမ အေးသောင်းရဲ့ မွေးနေ့ဖြတ်သန်းခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

 

(ပိုပိုလေး)

 



Follow us on