1. Home
  2. Movie Stars - Celebrity

US မှာ ဒေါ်လာသန်းချီ အိမ်ကြီးတစ်လုံးဝယ်လိုက်တဲ့ လီဗြောင်ဟွန်းတို့ ဇနီးမောင်နှံ

Movie Stars - Celebrity พ.ค. 28, 2562 view 1,536

တောင်ကိုးရီးယား ထိပ်တန်းမင်းသားတွေထဲက တစ်လက်ဖြစ်တဲ့ မင်းသား လီဗြောင်ဟွန်းနဲ့ ဇနီးသည်တို့ဟာ အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ် မှာဒေါ်လာသန်းချီသန်တဲ့ အိမ်ကြီးတစ်လုံးကို ဝယ်လိုက်ပြီဖြစ်ပါတယ်။ လီဗြောင်ဟွန်းဟာ ဟောလိဝုဒ်ဇာတ်ကားများမှာ ရိုက်ကူးပါဝင်လေ့ရှိပြီး အခုလို အမေရိကမှာအိမ်ဝယ်တာဟာ ဟောလိဝုဒ်ဇာတ်ကားတွေရိုက်ဖို့ ဖြစ်နိုင်ချေများတယ်လို့ ပြောနေကြပါပြီ။ လီဗြောင်ဟွန်း ဝယ်တဲ့အိမ်ကြီးက ဘယ်လောက်တန်ပြီး ကယ်လီဖိုးနီးယားရဲ့ ဘယ်နားမှာရှိလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

လီဗြောင်ဟွန်းဟာ ကမ္ဘာကျော် ရုပ်ရှင်စတူဒီယို Universal Studios အနီးအနားမှာ ရှိတဲ့ ဇိမ်ခံအိမ်အကောင်းစားကြီးကို ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဒီအိမ်ကြီးဟာ အမေရိကန် ဒေါ်လာ ၂ သန်းရှိပြီး လီဗြောင်ဟွန်းတို့ စုံတွဲဟာ ဟောလိဝုဒ် ရုပ်ရှင်တွေရိုက်ကူးဖို့ ပရောဂျက်ထားရှိတာဖြစ်လို့ US မှာအိမ်ဝယ်ဖြစ်ခဲ့တယ်လို့ Newsen သတင်းမီဒီယာမှာ ပုဂ္ဂိုလ်ရေးပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားသွားပါတယ်။

ဒါ့အပြင် လီဗြောင်ဟွန်းဟာ ဟောလိဝုဒ်မှာ ဇာတ်ကားရိုက်ဖို့ ၆ လထက်ပိုပြီး နေထိုင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

လီဗြောင်ဟွန်းနဲ့ လီမင်ဂျောင်းတို့ဟာ ၂၀၁၃ မှာလက်ထပ်ခဲ့ပြီး ယခုလက်ရှိမှာတော့ သားဦးရတနာလေးကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။

မကြာခင် Universal Studio ကထုတ်လုပ်ရိုက်ကူးတဲ့ လီဗြောင်ဟွန်း ဇာတ်ကားတွေကြည့်ရတော့မယ့် ပုံပါပဲ။ အတူတူစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင် ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

 



Follow us on