1. Home
  2. Movie Stars - Celebrity

ဘာစီလိုနာမှာ Blackpink Concert နဲ့ ကြုံဆုံခဲ့ရတဲ့ အတွေ့အကြုံကိုပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

Movie Stars - Celebrity พ.ค. 29, 2562 view 1,668

မြန်မာနိုင်ငံမှာ ဆယ်စုနှစ် ၂ ခုစလုံး လွှမ်းမိုးထားနိုင်တဲ့အဆိုတော်တစ်ဦးကို ပြပါဆိုရင်တော့ စိုင်းစိုင်းခမ်းလှိုင်ကိုပြရမှာပါပဲ။ စိုင်းစိုင်းဟာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့၊ မန္တလေးမှာ ရှိုးပွဲပြုလုပ်ခဲ့ပြီး မန္တလေး ပရိတ်သတ်များက သောင်းသောင်းဖြဖြအားပေးခဲ့ကြပါတယ်။ စိုင်းစိုင်းဟာ မန္တလေး ရှိုးပွဲပြုလုပ်ပြီး နိုင်ငံခြားခရီးစဉ်တစ်ခုကို သွားရောက်ခဲ့ပါတယ်။ စိုင်းစိုင်းတစ်ယောက် နိုင်ငံရပ်ခြား သွားရောက်ပြီး blackpink concert နဲ့ ဘယ်လို တွေ့ကြုံခဲ့ရတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

စိုင်းစိုင်းဆိုတာ ၂၀၀၀ ခုနှစ်အစပိုင်းကတည်းက လူငယ်တွေကို လွှမ်းမိုးထားနိုင်ခဲ့တာ ယနေ့ခေတ်လူငယ်တွေအထိတိုင် တစ်ခဲနက်အားပေးနေကြတုန်းပါပဲ။ စိုင်းစိုင်းခမ်းလှိုင်ဟာ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ကို သူငယ်ချင်းဖြစ်သူ နန္ဒစိုင်းနဲ့ ခရီးအတူထွက်ခဲ့ပါတယ်။ ယမန်နေ့ မေလ ၂၉ ရက်နေ့မှာ စိုင်းစိုင်းတစ်ယောက် ဘာစီလိုနာ ရောက်ရှိနေကြောင်း သူ၏ လူမှုကွန်ယက် ဖေ့ဘွတ်ခ်စာမျက်နှာမှ အသိပေးခဲ့ပါတယ်။

စိုင်းစိုင်းဟာ ဘာစီလိုနာ မြို့ထဲသွားရောက်လည်ပတ်ရင်း စုစုဝေးဝေး တန်းစီနေကြတာကို တွေ့ပြီး ဘာအတွက်လဲဟု စပ်စုကြည့်ရာက Blackpink Concert ဘာစီလိုနာမှာ လာရောက် ပြုလုပ်ကြောင်းသိရှိရပါတယ်။

Blackpink အဖွဲ့ဟာ လတ်တလော အရမ်း hot ဖြစ်နေပြီး အာရှနိုင်ငံများသာမက အနောက်နိုင်ငံတွေအထိပါ လွှမ်းမိုးထားနိုင်တဲ့ kpop အဖွဲ့တစ်ဖွဲ့ပါ။ အမေရိကန် နိုင်ငံတစ်ဝှမ်းမှာလဲ ရှိုးပွဲပေါင်း အမြောက်အမြား ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ စပိန်နိုင်ငံမှ blackpink ဖန်တွေအနေနဲ့ ကမ္ဘာလှည့်ဖျော်ဖြေနေတဲ့ blackpink သူတို့နိုင်ငံအလှည့်ဘယ်တော့များရောက်လာမလဲဆိုပြီး စောင့်မျှော်နေကြဟန်တူပါတယ်။ Blackpink concert ကြည့်ဖို့ လူတန်းကြီးကို မြင်ပြီး စိုင်းစိုင်းတောင် အံသြသွားရတဲ့အထိပါပဲ။

(ပိုပိုလေး)

 



Follow us on