1. Home
  2. Myanmar News

အဆင့်မြင့် အဝေးပြေး ခရီးသည်တင်ဘတ်စ်ကားများ မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုစတင်

Myanmar News พ.ค. 29, 2562 view 1,812
ခရီးသည်တင် အဆင့်မြင့် Express ဘတ်စ်ကားများကို စင်ကာပူကုမ္ပဏီ SC Auto က မင်္ဂလာဒုံမြို့နယ်တွင် ကားစက်ရုံတည်ဆောက်ကာ ဘတ်စ်ကားများ စတင်ထုတ်လုပ်ရောင်းချနေပြီဖြစ်ကြောင်း သိရှိရသည်။
 
 
SC Auto Myanmar ရဲ့ ဘတ်စ်ကားများ မိတ်ဆက်ပွဲအခမ်းအနားကို မေလ ၂၈ ရက်နေ့က စက်ရုံတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
 
 
အခမ်းအနားတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က SC Auto Myanmar ဘတ်စ်ကားစက်ရုံ ဖွင့်လှစ်နိုင်ခဲ့တာကြောင့် အာရှတစ်ခွင်မှာ မြန်မာနိုင်ငံအနေနဲ့ မားမားမတ်မတ် ရပ်တည်နိုင်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
 
 
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆန္ဒရှိရုံနဲ့ မလုံလောက်ပဲ နည်းပညာနဲ့ ရင်းနှီးမြုတ်နှံမှုများလည်း လိုအပ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
 
SC Auto Myanmar ဘတ်စ်ကားစက်ရုံတည်ဆောက်နိုင်ခြင်းကြောင့် ဒေသခံ အလုပ်သမား ၄၀၀ ကျော် အလုပ်အကိုင် ထပ်မံရရှိမှာဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို စင်ကာပူနိုင်ငံရှိ SC Auto စာက်ရုံတွင် လေ့ကျင့်သင်ကြားထားပြီးကြောင်း စက်ရုံရဲ့ စျေးကွက်ရှာဖွေရေးနဲ့ အရောင်းမန်နေဂျာ မစုမြတ်နိုင်အောင် က ပြောဆိုခဲ့ပါတယ်။
 
 
SC Auto Myanmar မှ ထုတ်လုပ်တဲ့ ဘတ်စ်ကားတွေကို ဥရောပနိုင်ငံထုတ် အစိတ်အပိုင်းတွေ တပ်ဆင်အသုံးပြုထားပါတယ်။ တစ်နှစ်လျှင် ကားအစီးရေ ၆၀၀ ခန့် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားပြီး ထုတ်လုပ်မှုရဲ့ ၅၀% ကို ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချသွားမှာဖြစ်ကြောင်း သိရှိရသည်။
 
သတင်းကိုးကား၊ ဓါတ်ပုံ - OneNewsMyanmar

 



Follow us on