1. Home
  2. Movie Stars - Celebrity

ပရိတ်သတ်တွေ အံအားသင့်လောက်တဲ့ ခန္ဓာကိုယ် အချိုးအစားမျိုး ပြောင်းလဲပြလိုက်တဲ့ Ahn Jae Hyun

Movie Stars - Celebrity พ.ค. 29, 2562 view 1,463

တောင်ကိုးရီးယား နာမည်ကျော် မင်းသားတစ်လက်ဖြစ်တဲ့ Ahn Jae Hyun ဟာဆိုရင် သရုပ်ဆောင်ကောင်းမှု၊ ရုပ်ရည်ချောမောပြေပြစ်မှုကြောင့် လူချစ်လူခင်ပေါများပြီး ပရိတ်သတ်အများအပြားရရှိထားသူဖြစ်ပါတယ်။ တော်ပြီးထက်မြက်တဲ့အပြင် F4 ဇာတ်ကားမှ ဇာတ်ဆောင်မင်းသမီး ဇနီးသည် Koo Hye Sun ကို ဂရုစိုက်ပြီး ချစ်ပေးတတ်တဲ့ အမူအကျင့်လေးတွေကိုလဲ ပရိတ်သတ်တွေ သဘောကျနှစ်သက်ပြီး သူတို့စုံတွဲလေးကို အားကျရတဲ့အထိပါပဲ။ Ahn Jae Hyun ဟာ အရင်က Runway model တစ်ဦးလုပ်ဖူးတာကြောင့် ပိန်ပိန်ပါးပါး အရပ်ဒေါင်ကောင်းကောင်း ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အခုတော့ Jae Hyun က ပရိတ်သတ်တွေ အံ့အားသင့်သွားအောင် သူ့ခန္ဓာကိုယ်အချိုးအစားကို ပြောင်းလဲပြလိုက်ပါပြီ။ Ahn Jae Hyun တစ်ယောက် ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

သရုပ်ဆောင် Ahn Jae Hyun ဟာ တောင်ကိုးရီးယား နာမည်ကျော် variety စတား Kang Ho dong ရဲ့ Kang’s Kitchen အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်သူတွေထဲမှာ Jae Hyun ကအရပ်ရှည်ပြီး ပိန်ပါးတဲ့ ပုံသဏ္ဍာန်ရှိတာကြောင့် သူ့ကို ‘တာဝါတိုင်’ ဆိုပြီးစနောက်ပြောဆိုခဲ့ကြပါတယ်။ အခုလက်ရှိ Kang’s Kitchen ဟာ season 2 မှ တီဗွီအစီအစဉ်မှာပါဝင်တဲ့ အဖွဲ့ဝင်တွေရဲ့ ပုံအသစ်ကိုတင်ပေးလိုက်ရာ Ahn Jae Hyun တစ်ယောက် အနည်းငယ်ပြောင်းလဲသွားကြောင်း ပရိတ်သတ်တွေ သတိထားမိလာပါတယ်။

သိပ်မကြာတဲ့အချိန်မှာပဲ Ahn Jae Hyun က အင်စတာဂရမ်အကောင့်ကနေ ပြောင်းလဲ သွားတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပုံတင်ပြီး ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။ အခုလို Gym အဝတ်အစားနဲ့ လိုက်ဖက်လွန်းပြီး အရင်လို ပိန်ပိန်ပါးပါး Ahn Jae Hyun မဟုတ်တော့ဘူးဆိုတာ သက်သေပြနိုင်လိုက်ပါပြီ။

(ပိုပိုလေး)

 

 



Follow us on