1. Home
  2. Movie Stars - Celebrity

လာမယ့် ၂ လအတွင်း ရုတ်တရက် စစ်မှုထမ်းဖို့ဖြစ်သွားတဲ့အကြောင်းပြောပြလာတဲ့ D.O

Movie Stars - Celebrity พ.ค. 30, 2562 view 1,561

တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီး ကေပေါ့ပ်အဖွဲ့ Exo မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး MRTV-4 မှာထုတ်လွှင့်ပြသခဲ့တဲ့ ချစ်နေ့စွဲ(၁၀၀) ဇာတ်လမ်းတွဲမှ မင်းသားလေး D.O ဟာ မကြာမီစစ်မှုထမ်းတော့မယ့်အကြောင်း ပရိတ်သတ်ကို အသိပေးလိုက်ပါပြီ။ D.O ဟာ ၁၉၉၃ ခုနှစ်ဖွားဖြစ်ပြီး ဒီနှစ်မှာ အသက် ၂၆ နှစ်ရှိပြီပဲဖြစ်ပါတယ်။ D.O ဟာ စစ်မှုထမ်းဖို့ အသက် ၂၈ နှစ်ပြည့်တဲ့အချိန် ၂၀၂၁ မှ ထမ်းလို့ ရပေမဲ့ ဒီနှစ်ထဲမှာပဲ စစ်မှုထမ်းဖို့ ဆုံးဖြစ်ခဲ့ပါတယ်။ D.O တစ်ယောက် ဘယ်လိုအကြောင်းကြောင့် စစ်မှုထမ်းဖို့ လောနေသလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

D.O ဟာ လာမယ့် ၂၀၁၉ ဇူလိုင်လ ၁ ရက်နေ့မှာ စစ်မှုထမ်းမည်ဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးလိုက်ပြီး စာတစ်စောင်ရေးသားခဲ့ပါတယ်။

“မင်္ဂလာပါ ကျွန်တော် D.O ပါ ။

ExoLs တွေ ဒီသတင်းကြားပြီး အံ့သြသွားတယ် မဟုတ်လား? ကျွန်တော် ပထမဆုံးပြောချင်တာကတော့ ပရိတ်သတ်ကို အသိပေးတာ နောက်ကျသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။  ကျွန်တော် ကျန်းကျန်းမာမာနဲ့ ပြန်လာနဲ့ ပြန်လာမှာပါ။ ကျွန်တော့်ကို အမြဲအားပေးခဲ့တဲ့ ExoLs တွေကို ရင်ထဲကနေ ကျေးဇူးတင်ပါတယ်။ မင်းတို့တွေလည်း အမြဲတမ်းပျော်ရွှင်ပြီး ကျန်းမာမယ်လို့ မျှော်လင့်ပါတယ် ကျွန်တော် ကောင်းကောင်းပြန်လာပြီး ကျန်းမာတဲ့ပုံစံနဲ့ နှုတ်ဆက်ပါမယ်” ဆိုပြီး နှုတ်ဆက်အသိပေးစာတစ်စောင်ရေးသားခဲ့ပါတယ်။

D.O ဟာ ၂၀၁၉ မှာစစ်မှုစထမ်းပြီး ၂၀၂၁ ဇန်နဝါရီ ၂၅ မှာ ပရိတ်သတ်ရှေ့မှောက်ပြန်လည်ရောက်ရှိလာမှာပဲဖြစ်ပါတယ်။ D.O တစ်ယောက် စစ်မှုထမ်းတာ ပြီးမယ့်နေ့ကို အတူစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

 



Follow us on