1. Home
  2. Special or Others

ပိုက်ဆံအိတ်ကောက်ရပြီး ပိုင်ရှင်လက်ပြန်အပ်တဲ့ ကျောင်းသားနှစ်ဦးကို ပီဇာ ၁၂၅ ဖာဝယ်ကျွေးပြီး ကျေးဇူးဆပ်ခဲ့

Special or Others พ.ค. 30, 2562 view 1,811
တောင်ကိုးရီးယား နိုင်ငံ ဂျယ်ဂျူဒိုကျွန်းရှိ Seogwipo အလယ်တန်းကျောင်းမှ ကျောင်းသားလေးနှစ်ဦးဟာဆိုရင် အကျင့်စာရိတ္တကောင်းမွန်တာကြောင့် ပြည်သူတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံနေရတာပဲဖြစ်ပါတယ်။ 
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ Kang Tae Won နဲ့ Han Woong အမည်ရှိ အလယ်တန်းကျောင်းသားလေး နှစ်ဦးဟာ ကျူရှင်မှအပြန် ဝမ် ၃ သန်းပါဝင်တဲ့ ပိုက်ဆံအိတ်တစ်ခုကို ကောက်ရခဲ့ပါတယ်။ ဝမ် ၃ သန်းဆိုတာ အမေရိကန် ဒေါ်လာ ၂၅၁ ဒေါ်လာရှိပြီး ကျောင်းသားလေးတွေ ဘာဆက်လုပ်ခဲ့လဲဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
 
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ကျောင်းသား နှစ်ဦးက ပိုက်ဆံအိတ်ကောက်ရပြီးပြီးချင်း ပိုက်ဆံအိတ်မှာ ပါဝင်တဲ့ လိပ်စာကဒ်တွေအရ စုံစမ်းကာ ပိုင်ရှင်ရဲ့ နေအိမ်သို့ သွားရောက်အပ်နှံလာခဲ့ပါတယ်။ ပိုက်ဆံအိတ်ပိုင်ရှင်ကတော့ အသက် ၃၄ နှစ်အရွယ် Oh Sang Jin ဖြစ်ပြီး သူဟာ ကျောင်းသားတွေကို ကျေးဇူးတင်တဲ့အနေနဲ့ မုန့်ဖိုးပြန်ပေးခဲ့ပေမဲ့ လက်မခံခဲ့ကြပါဘူး။

Oh Sang Jin ဟာကျောင်းသားလေး နှစ်ဦးကို ကျေးဇူးတင်လွန်းတဲ့အတွက် ဘယ်လိုလုပ်ရမှန်းမသိခဲ့တာကြောင့် သူတို့နှစ်ယောက်တက်နေတဲ့ Seogwipo အလယ်တန်းကျောင်းသို့ ပီဇာ ၁၂၅ ဖာကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ မေလ ၂၀ ရက်နေ့မှာပေးပို့ခဲ့ပါတယ်။

Kang Tae Won နဲ့ Han Woong တို့ဟာ သူတို့နှစ်ဦး နာမည်နဲ့ရောက်ရှိလာတဲ့ ပီဇာတွေကြောင့် ကျောင်းအုပ်ကြီး ရုံးခန်းအတွင်း အံ့အားသင့်နေခဲ့ကြပါတယ်။ နောက်မှ Oh Sang Jin အမည်ရှိသူဟာ ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ဒီလို ကျောင်းသားတွေ မွေးထုတ်ပေးတဲ့ Seogwipo အလယ်တန်းကျောင်းကို ပီဇာတွေပေးပို့ခဲ့ခြင်းဖြစ်တယ် ဆိုတာသိလိုက်ရပါတယ်။ ဒီအကြောင်းအရာတွေကို Oh Sang Jin ကသူ့ လူမှုကွန်ယက်စာမျက်နှာမှာတင်ခဲ့တာကြောင့် JTBC သတင်းဋ္ဌာနမှာ သိရှိသွားပြီး စံပြကျောင်းသားလေး နှစ်ယောက်ကို အင်တာဗျူးခဲ့ပါတယ်။

“ပိုက်ဆံအိတ်ကောက်ရတော့ စဉ်းစားမိတာက ဒီပိုက်ဆံအိတ်ပိုင်ရှင်တော့ ခေါင်းမီးတောက်နေလောက်ပြီ။ ပိုက်ဆံအိတ်ကိုရှာနေတော့မှာပဲ” ဆိုပြီး တွေးမိတယ်လို့ Han Woong ကပြောထားပါတယ်။ တစ်ဖန် Kang Tae Won က “ကျွန်တော်တို့လဲ အမှတ်မထင်ကောက်ရခဲ့တာပါ တမင်သတ်သတ် မုန့်ဖိုးလိုချင်လို့ ပိုက်ဆံအိတ်ပြန်အပ်တာမဟုတ်ပါဘူး၊ ဒါကြောင့် မုန့်ဖိုးပေးတာကို မယူဖြစ်တာပါ” ဆိုပြီး ပြောသွားပါတယ်။

Han Woong နဲ့ Kang Tae Won တို့ ကျောင်းသားနှစ်ဦးကောင်းမှုကြောင့် Seogwipo အလယ်တန်းကျောင်းမှ ကျောင်းသားတွေ ပီဇာကို free စားသုံးခွင်ရသွားတယ်မဟုတ်ပါလား။ ကျောင်းအုပ်ကြီးအနေနဲ့လဲ သူ့ကျောင်းသားတွေအတွက် ဂုဏ်ယူမိကြောင်း ပြောကြားသွားပါတယ်။

Source- allkpop

(ပိုပုိေလး)



Follow us on