1. Home
  2. Myanmar News

ထိုင်းကမ်းခြေတွင် မြန်မာအယောက် ၁၀၀ ခန့် ဓားများကိုင်ဆောင်စုရုံး ဟု ဖော်ပြခံရ

Myanmar News พ.ค. 30, 2562 view 1,531
ထိုင်းနိုင်ငံ ဖူခက်၊ ပတောင်းကမ်းခြေအနီး လိုမာပန်းခြံထဲတွင် ဆယ်ကျော်သက် မြန်မာလူငယ် အယောက် ၁၀၀ ခန့် ဓားတို၊ ဓားရှည်များ ကိုင်ဆောင် စုရုံးခဲ့ကြကြောင်း ပတောင်းကမ်းခြေ ထိန်းသိမ်းဖွံ့ဖြိုးရေး ဖေ့စ်ဘွခ်စာမျက်နှာတွင် ဖော်ပြခံခဲ့ရပြီး ထိုင်းမီဒီယာများကပါ ဆက်လက် ရေးသားဖော်ပြလျှက်ရှိပါတယ်။
 
 
Baywatch team patong & patong development foundation” ဖေ့စ်ဘွခ်စာမျက်နှာတွင် ဖော်ပြထားသောသတင်းအရ မေလ ၂၇ ရက်နေ့ညပိုင်းတွင် ပန်းခြံထဲသို့ စုစုပေါင်း လူ ၁၀၀ ခန့် မြန်မာလူငယ်အဖွဲ့နှစ်ဖွဲ့ ရောက်ရှိလာပြီး သူတို့ကိုယ်စီ၏ လက်ထဲတွင် ဓားတို၊ ဓားရှည်များ ကိုင်ဆောင်ထားသဖြင့် သက်ဆိုင်ရာ ရဲဌါနကို အကြောင်းကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။
 
 
“ဒီလိုမျိုက ခဏခဏရှိပြီ ဖြစ်နေတာ၊ သူတို့ စစချင်း အယောက် ၂၀ လောက်ရှိမယ်၊ တစ်ဖြည်းဖြည်းနဲ့ လူစုလာတာ အများကြီးပဲ၊ ဂိုဏ်းအဖွဲ့လိုပဲ၊ ဒီနေရာမှာ ဘာပြသနာမှ မဖြစ်သေးခင် ဒီကိစ္စကို အရေးတစ်ကြီးဖြေရှင်းသင့်တယ်” လို့ ပတောင်းကမ်းခြေ ဖောင်ဒေးရှင်း အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
 
 
ရဲတွေက အဲဒီအုပ်စုနောက်ကို လိုက်နေပြီး လူအချို့ကိုလည်း ဖမ်းဆီးရမိထားပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
 


Follow us on