1. Home
  2. Movie Stars - Celebrity

၁၀ နှစ်အတွင်း Youtube မှာကြည့်ရှုသူ အများဆုံးရရှိထားတဲ့ kpop သီချင်းများ

Movie Stars - Celebrity พ.ค. 31, 2562 view 1,459

လွန်ခဲ့တဲ့ ဆယ်နှစ်ခန့် ၂၀၀၉ ခုနှစ်လို အချိန်ကာလမှာဆိုရင် kpop ဟာ အာရှနိုင်ငံ တစ်ဝှမ်း ကို လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ၁၀ နှစ်ကျော်ကာလအပြီး ယခု ၂၀၁၉ မှာတော့ kpop ဟာ အနောက်နိုင်ငံတွေအထိပါ လွှမ်းမိုးထားနိုင်ခဲ့ပါပြီ။ kpop ကို ကမ္ဘာကသိအောင်ပြုလုပ်ပေးခဲ့တဲ့ အဆိုတော်ကတော့ Psy ပါပဲ။ Psy ဟာ Gangnam Style သီချင်းမှ မြင်းစီးအကနဲ့ ကမ္ဘာကျော်သည်အထိ အောင်မြင်လာပါတယ်။ Psy တစ်ယောက် ကမ္ဘာကျော်တစ်ယောက်အဖြစ် အောင်မြင်လာပြီးနောက် အနောက်နိုင်ငံက ပရိတ်သတ်တွေက kpop ကိုသတိထားစောင့်ကြည့်လာပြီး လူကြိုက်များလာကြပါတယ်။ kpop အဆိုတော်တွေဟာ ကမ္ဘာကျော်ဖြစ်ဖို့ ဆိုရှယ်မီဒီယာကို အသုံးပြုကြရပါတယ်။ ထိုအထဲကမှ Youtube ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းအောင်မြင်ကျော်ကြားဖို့ အဓိက အက္ခရာကျတဲ့ထဲပါပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၉ အတွင်း Youtube မှာ ကြည့်ရှုသူအများဆုံးရရှိထားတဲ့ Kpop သီချင်းဗွီဒီယိုတွေက ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

သီချင်းများကို ၂၀၀၉ မှ ၂၀၁၉ အစဉ်လိုက် ဖော်ပြထားပါတယ်။

၁။ 2009: Girls’ Generation- Gee

 

၂။ 2010: Girls’ Generation- Oh!

 

၃။ 2011: 2NE1- I’m the best

 

၎။ 2012: PSY- Gangnam Style

 

၅။ 2013: PSY- Gentleman

 

၆။ 2014: PSY-Hangover

 

၇။ 2015 : BTS- Dope

 

၈။ 2016 : Blackpink-Boombayah

 

၉။ 2017 : BTS-DNA

 

၁၀။ 2018: Blackpink- Ddu-Du Ddu-Du

 

၁၁။ 2019: Blackpink- Kill This Love

ဆယ်နှစ်တာအတွင်း ကြည့်ရှုသူအများဆုံး ရရှိထားတဲ့ သီချင်းဗွီဒီယိုထဲမှာ ဘယ်သီချင်းကို အကြိုက်ဆုံးလဲဆိုတာ ပိုပိုလေးနဲ့အတူ ဝေမျှလိုက်ကြရအောင်။

source-koreaboo (ပိုပိုလေး)



Follow us on