မြန်မာနိုင်ငံ ထိပ်တန်းစာရင်းဝင် မင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ဟာဆိုရင် ပြည်သူတွေရဲ့ ချစ်ခင်မှုကိုအပြည့်အဝရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။ ကစ်ကစ်ဟာ နိုင်ငံခြား ဒါရိုက်တာရိုက်ကူးတဲ့ ဇာတ်ကားတွေမှာလဲ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် ဂျပန်ပြည်မှာပြုလုပ်တဲ့ Okinawa International Movie festival ကို မြန်မာပြည်ကိုယ်စားပြုအနေနဲ့ မြန်မာ့ဝတ်စုံဝတ်ပြီး တက်ရောက်ခဲ့ပါတယ်။ ကစ်ဟာ တောင်ကိုးရီးယားနိုင်ငံကပေးအပ်တဲ့ Asia Special Awards ကို သွားရောက်ဆွတ်ခူးရဦးမှာပါ။ အခုဆိုရင် နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ထိပ်တန်းမင်းသမီးတစ်ဦး ဖြစ်လို့နေပါပြီ။ ဒီလို နိုင်ငံတကာမှာ လူချစ်လူခင်များလာတဲ့ ကစ်ကစ်ဟာ လတ်တလောမှာ နာမည်ကြီး ကိုးရီးယားမင်းသားနဲ့ အတူရုပ်ရှင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ကစ် ရိုက်ကူးမယ့်ကားက ဘာဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ဟာ ဒါရိုက်တာ ဇင်ယော်မောင်မောင်ရိုက်ကူးတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ကားကြီးမှာ တောင်ကိုးရီးယား နာမည်ကျော်သရုပ်ဆောင် မင်းသား Ryu Sang Wook နဲ့ အတူ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာပါဝင်မယ့် ဇာတ်ရံအနေနဲ့ သရုပ်ဆောင်ကျော်ထက်အောင်က အားဖြည့်ပါဝင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
ဒီဇာတ်ကားဟာ ကစ်ကစ်အတွက် ကိုးရီးယားမင်းသားနဲ့ သရုပ်ဆောင်ရတာ ပထမဦးဆုံးဖြစ်တဲ့အတွက် သူမဘယ်လိုပြင်ဆင်ထားကြောင်း အင်တာဗျူးတစ်ခုမှာပြောပြလာပါတယ်။
“သူနဲ့အတူ Work shop လုပ်ကြတယ်၊ သူနဲ့ ကစ်နဲ့ အပေးအယူမျှအောင်လို့ ကြိုပြီးတော့ လေ့ကျင့်ကြတာမျိုးတွေရှိတယ်။ ကာရိုက်တာကို ဝင်အောင်ပိုကြိုးစားကြတယ်။ ဒီဇာတ်ကားအတွက် ဘာသာစကားဆိုတာထက် လုပ်ရမယ့် အိုက်တင်ကို ပိုပြီးတော့ ဦးစားပေးရမှာပါ၊ အဲ့ပေါ်မှာမှာ ကိုယ့်ရဲ့ mood ပေါ်လိုက်ပြီး သရုပ်ဆောင်ရမှာပါ” ဆိုပြီးပြောထားပါတယ်။
တစ်ဖန် ကိုးရီးယားမင်းသား Ryu Sang Wook က ဒီဇာတ်ကားပေါ်မှာ ဘယ်လောက်ထိ စိတ်နှစ်ထားတယ်ဆိုတဲ့အကြောင်းကို “သူက အိုက်တင်လဲ ဦးမောင်ပြောတဲ့အတိုင်း၊ ဒါရိုက်တာပြောတဲ့အတိုင်း ဖြစ်တယ်၊ ဖြစ်အောင်လဲလုပ်တယ် ဒီကားပေါ်မှာ သူ အရမ်းစိတ်လှုပ်ရှားပြီး စိတ်နှစ်ထားတာပါ ၊ စိတ်နှစ်ထားတယ်ဆိုတာလဲ သိသာတယ်၊ ကစ်ဘက်ကလဲ တာဝန်ကျေအောင် ကစ်လုပ်စရာရှိတာတွေကို အကောင်းဆုံးလုပ်သွားမှာပါ” ဆိုပြီး ဖြေကြားသွားပါတယ်။
မကြာခင် ရိုက်ကူးတော့မယ့် “တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားကြီး” ကို ပိုပိုလေးနဲ့အတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။
(ပိုပိုလေး)