1. Home
  2. Movie Stars - Celebrity

နာမည်ကြီးပေမဲ့ တောင်ကိုးရီးယားရုပ်သံမှာပြသခွင့်ပိတ်ပင်ခံထားရတဲ့ သီချင်းဗွီဒီယိုများ

Movie Stars - Celebrity มิ.ย. 03, 2562 view 1,502

လတ်တလော အခြေအနေမှာဆိုရင် Kpop ဟာ ကမ္ဘာတစ်ဝှမ်းက လူငယ်တွေအကြားမှာ ရေပန်းစား ကျော်ကြားလာပြီပဲဖြစ်ပါတယ်။ အရင်ကတည်းက kpop ဟာ အာရှနိုင်ငံတွေကိုသာ လွှမ်းမိုးထားနိုင်ခဲ့ပြီး ၂၀၁၃ နောက်ပိုင်းမှသာ အမေရိကထိ ပေါက်မြောက်အောင်မြင်လာတာပဲဖြစ်ပါတယ်။ များစွာသော Kpop သီချင်းတွေဟာ ပရိတ်သတ်အကြိုက်တွေ့ခဲ့ပြီး မယုံကြည်နိုင်စရာကောင်းတာကတော့ ပရိတ်သတ်အကြိုက်ဆုံး သီချင်းတွေက တောင်ကိုးရီးယားနိုင်ငံရဲ့ ရုပ်သံလိုင်းတွေမှာ ပြသခွင့်ပိတ်ပင်ထားတယ်ဆိုတာပါပဲ။ အဆိုပါသီချင်းတွေက ဘာဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

၁။ PSY- Gentleman

Gangnam Sytle သီချင်းထွက်ရှိပြီး အသစ်ထွက်ရှိလာတဲ့ Gentleman သီချင်းဟာဆိုရင် ယာဉ်စည်းကမ်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းများကို လမ်းမှာ ဖျက်ဆီး တဲ့အမူအရာမျိုးတွေပါဝင်နေတဲ့အတွက် နိုင်ငံတွင်း ပြသဖို့ တားမြစ်ပိတ်ပင်ခံခဲ့ရပါတယ်။

၂။ Dalshabet-Joker

Joker ဆိုတဲ့ အသံထွက်ဟာ ကိုးရီးယားလို ဆဲရေးတိုင်းထွာတဲ့ အသံနဲ့ ဆင်တူနေတဲ့အတွက် ထုတ်လွှင့်ပြသဖို့ ပိတ်ပင်ခံခဲ့ရပါတယ်။

၃။ Orange Caramel-Catallena

ဒီသီချင်းမှာတော့ Orange Caramel အဖွဲ့ဝင် မိန်းကလေးသုံးဦးက ဆူရှီလိုဝတ်ဆင်ပြီး  မိမိတို့ကို လာရောက်ဝယ်ယူမယ့် သူကို စောင့်မျှော်နေတဲ့ ပုံစံမျိုး ရိုက်ကူးထားတာကြောင့် KBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

၎။ Dean- Instagram

Instagram လို့အမည်ရတဲ့ Dean ရဲ့ သီချင်းကတော့ နာမည်ကြီး instagram app ကို မကောင်းပြောလိုတဲ့ စာသားမျိုးပါဝင်နေလို့ KBS မှာ ထုတ်လွှင့်ပြသဖို့ တားမြစ်ပိတ်ပင်ခံခဲ့ရတာပဲဖြစ်ပါတယ်။

၅။ Exo- Lotto

Exo အဖွဲ့ရဲ့ Lotto သီချင်းဟာဆိုရင် သီချင်းဗွီဒီယိုမှာ လောင်းကစား၊ ကြက်တိုက်တာမျိုးတွေ ပါဝင်နေတာဖြစ်လို့ MBC နဲ့ KBS ရုပ်သံလိုင်းတွေမှာ နိုင်ငံတွင်းထုတ်လွှင့်ပြသဖို့ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

၆။ Blackpink- Boombayah

Blackpink ရဲ့ Boombayah သီချင်းဟာ အဖွဲ့ဝင် Jennie ရဲ့ rap စာသားမှာ Henny ဆိုတဲ့ စကားလုံးပါဝင်သွားတာကြောင့် KBS မှာ ban ခြင်းခံခဲ့ရပါတယ်။ Henny ဆိုတာကတော့ နာမည်ကျော်အရက် ကုန်တံဆိပ် Hennesy ရဲ့ အတိုကောက်စကားလုံးပဲဖြစ်ပါတယ်။

၇။ BTS- Dope

ကမ္ဘာတစ်လွှား ဖိန့်ဖိန့်တုန်အောင် အောင်မြင်ကျော်ကြားနေတဲ့ BTS အဖွဲ့ရဲ့ Dope သီချင်းမှာဆိုရင် အဖွဲ့ဝင် J-hope ရဲ့ rap စာသားတွေက တစ်ဖက်သားကို  “အရှုံးသမား ၊ အားနည်းလိုက်တာ” အစရှိသဖြင့် နှိမ်တဲ့ စာသားမျိုးတွေပါဝင်လို့ KBS မှ ထုတ်လွှင့်ပြသခြင်း ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

၈။ Blackpink- Kill This Love

Kill This Love သီချင်းဗွီဒီယိုမှာ အဖွဲ့ဝင် Rose’ ဟာ ကားမောင်းရာမှာ ခါးပတ်မပတ်ထားတဲ့အပြင် ငိုပြီးကားမောင်းနေတာဖြစ်ပြီး ယာဉ်စည်းကမ်းနဲ့ မကိုက်ညီဘူးဟု ယူဆကာ KBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခြင်း ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

၉။ Winner- Everyday

Winner အဖွဲ့ရဲ့ Everyday သီချင်းစာသားမှာ Lotto ဆိုတဲ့စကားလုံးပါဝင်တာကြောင့် ဒါဟာ ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်တဲ့အတွက် မပါဝင်သင့်ကြောင်း ထုတ်ပြန်ပြီး Kbs မှ ထုတ်လွှင့်ဖို့ ပိတ်ပင်ခဲ့ပါတယ်။

တောင်ကိုးရီးယားနိုင်ငံတွင်း ထုတ်လွှင့်ပြသခွင့် ပိတ်ပင်ခံရတဲ့ သီချင်းတွေထဲက မိတ်ဆွေတို့ကြိုက်နှစ်သက်တဲ့ သီချင်းတွေရှိရင် ပိုပိုလေးနဲ့အတူ ဝေမျှသွားကြပါဦး။

Source-koreaboo

(ပိုပိုလေး)

 

 

 



Follow us on