1. Home
  2. Football

ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကွင်းအတွင်းဖြတ်ပြေးခဲ့တဲ့ ဝေါ်လန်စကီး၏ အင်စတာဂရမ်အကောင့် ပိတ်သိမ်းခံခဲ့ရ

Football มิ.ย. 03, 2562 view 1,637

ပြီးခဲ့တဲ့ စနေ့နေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးလ်အသင်းနှင့် စပါးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ပွဲစဉ်မှာ ကွင်းအတွင်းသို့ ဖြတ်ပြေးခဲ့တဲ့ ပိုလန်သူ အဖော်အချွတ်မော်ဒယ် ကင်းဆေး ဝေါ်လန်စကီး၏ အင်စတာဂရမ်အကောင့်ကို ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်ရွယ် ဝေါ်လန်စကီးဟာ အဆိုပါပွဲစဉ်ရဲ့  ပွဲချိန် ၁၈ မိနစ်အရောက်မှာ ရေကူးဝတ်စုံဖြင့် ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့သဖြင့် သူမ ကိုလုံခြုံရေးများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရပါတယ်။ အကြာင်းက သူမဟာ ၁၈ နှစ်ပြည့်ပြီးသူတွေသာ ကြည့်လို့ရတဲ့ Porn ဆိုဒ် Vitaly Uncensored ဆိုတဲ့ ဝက်ဆိုဒ်ကို ကြော်ညာတဲ့ အနေနဲ့ ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ထို့သို့ ပြုလုပ်ပြီးနောက် မိနစ်အပိုင်းအတွင်းမှာ သူမ၏ အင်စတာအကောင့်ဟာ Follower  (၃) သိန်းကနေ ( ၂ ) သန်းကျော်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ Vitaly Uncensored ဆိုတဲ့ ဝက်ဆိုဒ် ကလည်း နာရီပိုင်းအတွင်းမှာ အသုံးပြုသူ (၃၂) မီလီယံ ခန့် Registered ပြုလုပ်ခဲ့တယ်လို့ စပိန်မီဒီယာ တစ်ခု ဖော်ပြခဲ့ပါတယ်။

“Comfort ဇုံထဲ့ကပြေးထွက်ချင်တဲ့စိတ်ကြောင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုလို အပြုအမူမျိုးပြုလုပ်နိုင်ခဲ့တဲ့ အတွက်ကျေနပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ တစ်ကယ်တော့ ငါငိုနေပါတယ်  ” ဆိုပြီး သူမကပြောပါတယ်။

ပွဲပြီးချိန်မှာ လီဗာပူးလ် အသင်းက စပါးအသင်းကို ၂-၀ ဖြင့်အနိုင်ရပြီး ၂၀၁၈-၂၀၁၉ ခုနှစ် ချန်ပီယံဖလားကို ရရှိခဲ့ပါတယ်။ အဆိုပါ ချန်ပီယံလိဂ် ဆုဖလားဟာ လီဗာပူးလ်အသင်းအတွက် ၆ ကြိမ်မြောက်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

 



Follow us on