1. Home
  2. Movie Stars - Celebrity

နယူးယောက်မြို့လမ်းမထက်တွင် စိတ်ရှုပ်တာတွေဖြေဖျောက်ဖို့ လူတိုင်းလာရောက် ထိုးနိုင်သည့် သဲအိတ်ကြီးထားရှိ

Movie Stars - Celebrity มิ.ย. 03, 2562 view 1,572

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ပေါ်ရှိ လမ်းမထက်တွင် donttakethisthewrongway လို့ အမည်ရတဲ့ ဒီဇိုင်းစတူဒီယိုတစ်ခုက လူတို့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေပြေပျောက်စေရန် အလို့ငှာ လူတိုင်း ထိုးလို့ ရနိုင်မယ့် လေအိတ်တစ်ခု ထားရှိပေးခဲ့ပါတယ်။လူတွေ သဲအိတ်ကြီးကို စိတ်ဝင်စားခြင်း ရှိမရှိသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

အမေရိကန်မှာ နေထိုင်တဲ့ လူဦးရေများထဲက ၄၅ ရာခိုင်နှုန်းဟာ စိတ်ဖိအားတွေ၊ မသေချာမှုတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ ဒါကြောင့် donttakethisthewrongway  ဒီဇိုင်းစတီဒီယိုမှ စိတ်နဲ့ ဆိုင်တဲ့ ပြဿနာတွေကို အမြန်ဆုံး ဖြေဖျောက်နိုင်အောင် အားနဲ့ မာန်နဲ့ ထိုးလို့ ရနိုင်မယ့် လက်ဝှေ့အိတ်ကြီးကို မြို့လယ်ကောင်မှာ လာရောက်ထားရှိပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အလုပ်ကပြန်လာတဲ့ လူတော်တော်များများဟာ လေအိတ်ရှိရာသွားပြီး လာရောက်ထိုးနှက်ကြကြောင်း သိရှိရပါတယ်။ ဒီလိုနဲ့ အဆိုပါ အဝါရောင် သဲအိတ်ကြီးဟာ တစ်စတစ်စ နာမည်ကြီးလာပြီး လူမှုကွန်ယက်မှာ လူသိများလာပါတယ်။

Donttakethisthewrongway စတူဒီယိုမှလဲ အင်စတာဂရမ်ကနေ ဒီလို သဲအိတ်ကြီး ထားပေးခြင်းရဲ့ အကြောင်းအရင်းနဲ့ အကျိုးကျေးဇူးတွေကို ပြောပြလာပါတယ်။ “ကျွန်တော်တို့ ဒီ လက်ဝှေ့အိတ်ကြီးကို ထားပေးရခြင်းအကြောင်းအရင်းကတော့ လူတွေနေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဖော်ပြလို့ မရတဲ့ အကြောင်းအရာတွေ စုပုံလာတဲ့အခါ၊ မကျေနပ်မှုတွေကို ပုံချပစ်နိုင်ဖို့ ဒီလိုထားပေးခြင်းဖြစ်ပါတယ်။ အားလုံးပဲ စိတ်ရှင်းရှင်းနဲ့ နေထိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ ပြောကြားထားပါတယ်။

(ပိုပိုလေး)

 

 

 



Follow us on