1. Home
  2. Football

နောက်ပြန် Bicycle ကစ်ဖြင့် လှလှပပ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဇလာတန် အေဗရာဟီမိုဗစ်

Football มิ.ย. 03, 2562 view 1,553

LA Galaxy  တိုက်စစ်မှူးကြီး ဇလာတန် အေဗရာဟီမိုဗစ်ဟာ Angeles Galaxy  နဲ့ကစားတဲ့ပွဲမှာ လှပတဲ့ နောက်ပြန်ကန်ချက်နဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၃၇ နှစ်ရှိပြီးတဲ့ ဇလာတန်ဟာ ခြေစွမ်းမကျသေးဘဲ LA Galaxy   အသင်းအတွက် အားထားရတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ ဘောလုံးဟာ လက်ပစ်ဘောမှတဆင့်ပြီး ဂျို့  ကိုရိုနာက သူဆီကို ပေးပို့ခဲ့ပြီး ဇလာတန်က ရင်ဘက်နဲ့ တစ်ချက်ထိန်း တစ်ချက်တော့ကာ နောက်ပြန် Bicycle ကစ်ဖြင်းသွင်းယူခဲ့တာ ဖြစ်ပါတယ်။ Angeles Galaxy အသင်း ၄၅ မိနစ်မှာ ပီနီလာ၊ မိနစ် ၆၀ မှာ ဘန်ဘာရီတို့၏ သွင်းဂိုးဖြင့် ဦးဆောင်ထားချိန်မှာ LA Galaxy  အသင်းအတွက် ချေပဂိုးကို ၈၄ မိနစ်မှာ သွင်းယူနိုင်ခဲ့တာပါတယ်။

အဆိုပါပွဲမှာ ဇလာတန် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် LA Galaxy  အသင်းဟာ Angeles Galaxy  အသင်းကို ၁-၂ ဖြင့်ရှုံးနိမ့်ခဲ့ရပါတယ်။ ဇလာတန် အေဗရာဟီမိုဗစ်ဟာ ဒီရာသီမှာ LA Galaxy   အသင်းအတွက် ၁၂ ဂိုးသွင်းယူ ၊ ၃ ဂိုးဖန်တီးမှု နဲ့ အကောင်းဆုံး ခြေစွမ်းပြကစားထားနိုင်ခဲ့ပါတယ်။

အင်တာ ၊ အေစီ ၊ ဂျူဗင်တပ်စ်  ၊ ပီအက်စ်ဂျီ ၊ ဘာစီလိုနာ ၊ မန်ယူ စတဲ့ အသင်းကြီးအများစုမှာ ကစားခဲ့ဖူးခဲ့ပြီး အောင်မြင်မှုတွေ တော်တော်များများ ရရှိခဲ့ပါတယ်။

 



Follow us on