“အိမ်လေး တစ်လုံးလိုချင်တယ်” သီချင်းနဲ့အတူ လူမှုကွန်ယက် ဖေ့ဘွတ်ခ်မှာ နာမည်ကြီးလာတဲ့ ကိုးရီးယားရောက် ကရင်မလေးမာသာထူးဝါးဟာ နှစ်လိုဖွယ် အသံပါဝါနဲ့ ချစ်စဖွယ် မျက်နှာလေး ပိုင်ဆိုင်ထားတာကြောင့် ပရိတ်သတ်အားပေးမှုကို တစ်ခဲနက် ရရှိထားပါတယ်။ မာသာထူးဝါးဟာဆိုရင် နာမည်ကြီးကိုးရီးယား ရုပ်သံလိုင်း KBS မှ ထုတ်လွှင့်ပြသတဲ့ My Neighbour Charles အစီအစဉ်မှာ မိသားစုနှင့်တကွ ပါဝင်ခဲ့ပါတယ်။ My Neighbouer Charles ဆိုတဲ့ အစီအစဉ်ကတော့ တောင်ကိုးရီးယားမှာအခြေချနေထိုင်တဲ့ တိုင်းတစ်ပါးသား၊ လူမျိုးခြားတွေအကြောင်းကို ရိုက်ကူးတင်ဆက်တဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာ ထူးဝါးတို့ မိသားစု ပါဝင်ခဲ့ကြပြီး မာသာထူးဝါးလေးရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုလာသူတွေ ရှိလာပုံပါပဲ။ မာသာထူးဝါးတစ်ယောက် ဘယ်လိုဖြစ်လို့ ဘူဆန်ရုပ်ရှင်ပွဲတော်ကြီးမှာ ဖျော်ဖြေဖို့ ဖြစ်လာသလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
KBS မှ ထုတ်လွှင့်ပြသသွားတဲ့ My Neighbour Charles အစီအစဉ်မှာ မာသာထူးဝါးကို ကိုးရီးယား နာမည်ကြီး အဆိုတော် So Hyang က vocal training လုပ်ပေးခဲ့ပါတယ်။ မာသာထူးဝါးဟာ ပုံမှန်အားဖြင့် အသံကောင်းတယ်ဆိုပေမဲ့ အရမ်းမြင့်လွန်းတဲ့ high note တွေကိုတော့ မဆိုနိုင်သေးဘူးလို့ အမေဖြစ်သူမှ ပြောကြားခဲ့ပါတယ်။
ဒါကြောင့် အဆိုတော် So Hyang နဲ့ အပ်နှံပြီး သမီးဖြစ်သူကို သင်ကြားစေခဲ့တာပါ။ အဆိုတော် So Hyang က မာသာထူးဝါးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပါရမီရှိမှုတို့ကို သဘောကျနှစ်သက်သွားတာကြောင့် သူနဲ့အတူ ၂၃ ကြိမ်မြောက် ဘူဆန်ရုပ်ရှင်ပွဲတော်ကြီးမှာ ပါဝင်ဖျော်ဖြေဖို့ ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ ဘူဆန်ရုပ်ရှင်ပွဲတော်ဟာ တောင်ကိုးရီးယားမှာ အကြီးကျယ်ဆုံးရုပ်ရှင်ပွဲတောင် တစ်ခုဖြစ်တဲ့အပြင် အာရှမှာ အရေးအပါဆုံး ရုပ်ရှင်ပွဲတော်ကြီးဆိုလဲ မမှားပါဘူး။ မာသာထူးဝါးဟာ ဘူဆန်ရုပ်ရှင်ပွဲတော်မှာ ဖျော်ဖြေရမယ့်သူတွေထဲ ပထမဦးဆုံးနဲ့ အသက်အငယ်ဆုံး ကရင်လူမျိုး အဆိုတော်ပဲဖြစ်ပါတယ်။
မာသာထူးဝါးတို့သားအမိတတွေဟာ ဆိုးလ်မြို့ တိုက်ခန်းကျဉ်းလေးထဲမှာ အမေနဲ့ မောင်နှမသုံးယောက် စုစုပေါင်း လေးယောက်နေထိုင်ကြတာဖြစ်ပါတယ်။ ထူးဝါးက “အိမ်လေးတစ်လုံး လိုချင်တယ်” သီချင်းလေး ဆိုရခြင်းအကြောင်းက ဘာဖြစ်မလဲဆိုတာ အထူးတလည်တောင် ပြောနေစရာလိုမယ် မထင်ပါဘူး။ မာသာထူးဝါးလေး အမြန်ဆုံးအောင်မြင်ပြီး အိမ်လေးတစ်လုံး ပိုင်ဆိုင်ရပါစေလို့ ပိုပိုလေးနဲ့အတူ ဆုတောင်းပေးလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။
(ပိုပိုလေး)