
ဇွန်လ ၄ ရက်နေ့ အချိန်အခါမှာ ပြည်သူချစ်မင်းသမီးလေး၊ နိုင်ငံ့ညီမလေး “Nation’s little sister” လို့တင်စားခေါ်ဝေါ်ကြတဲ့ အဆိုတော်မင်းသမီးလေး IU ဆီကို မထင်မှတ်တဲ့ နတ်သမီး တစ်ပါးဆီက လက်ဆောင်ရောက်ရှိလို့လာပါတယ်။ IU ဟာ လက်ရှိမှာ မင်းသား ယောဂျင်ဂူးနဲ့ အတူ Hotel Deluna ဇာတ်ကားကို ရိုက်ကူးနေရတာပဲဖြစ်ပါတယ်။ Hotel Deluna ရိုက်ကွင်းကို နာမည်ကျော် ထိပ်တန်းမင်းသမီး ဆောင်းဟယ်ကျိုမှ IU နာမည်နဲ့ ကော်ဖီလှည်းလေး ပို့ပေးလိုက်တာပါ။ IU နဲ့ ဆောင်းဟယ်ကျိုကို ခင်မင်ရင်းနှီးတယ်လို့ ပရိတ်သတ်တွေ မထင်မှတ်ခဲ့ကြပါဘူး။ IU နဲ့ ဆောင်းဟယ်ကျိုကြားက ခင်မင်မှုက ဘယ်လိုလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဇွန်လ ၄ ရက်နေ့ မနက်ခင်းအချိန်အခါမှာ ကော်ဖီလှည်း ပို့ဆောင်ရေးလုပ်ငန်း coffee pong မှ သူတို့ရဲ့ အင်စတာဂရမ်အကောင့်မှာ IU အတွက် မထင်မှတ်ထားတဲ့ လူတစ်ယောက်ထံမှ ကော်ဖီလှည်းပို့လိုက်ကြောင်း၊ ထိုသူမှာ တခြားသူမဟုတ်ပဲ နတ်သမီးတမျှ လှပတဲ့ ဆောင်းဟယ်ကျိုဖြစ်ကြောင်း ပုံနှင့်တကွရေးသားလာပါတယ်။


ဆောင်းဟယ်ကျိုဟာ ကော်ဖီလှည်းသာမက IU နဲ့ Hotel Deluna ရိုက်ကူးရေး အဖွဲ့သားတွေ စားသုံးဖို့ တော့ပုကီ၊ ငါးအူချောင်း အစရှိတဲ့ အစားအသောက်တွေကိုလဲ ဂရုတစိုက် ထည့်သွင်းပို့ဆောင်စေခဲ့ပါတယ်။


IU အနေနဲ့ ပြီးခဲ့တဲ့ နှစ် Knowing Brothers ရုပ်သံအစီအစဉ်မှာ ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီတို့ စုံတွဲ သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြောင်း ပြောကြားခဲ့ပါတယ်။ IU အနေနဲ့ တခြား နာမည်ကျော်တွေ ရှေ့မှာ ဖျော်ဖြေရတာ ကိစ္စမရှိပေမဲ့ သူတို့ စုံတွဲရှေ့ ဖျော်ဖြေရတာဟာ သူမအတွက် ‘ရှိန်စရာပါပဲ’ လို့ ပြောခဲ့ပြီး ဂုဏ်ယူစရာဖြစ်ကြောင်းကိုလဲ ပြောသွားပါတယ်။
.jpg)
.jpg)
ဆောင်းဟယ်ကျိုလိုလူမျိုးက တကူးတက ကော်ဖီလှည်းပို့ပေးတာကို ကြည့်ခြင်းအားဖြင့် Song စုံတွဲဟာ IU ရဲ့ ပရိတ်သတ်ဖြစ်နေတယ်ဆိုတာ သိသာထင်ရှားလွန်းလှပါတယ်။ နောက်ပိုင်း IU နဲ့ ဆောင်းဟယ်ကျိုတို့ကြားက ခင်မင်မှုတွေကို မြင်တွေ့ရတော့မလားဆိုတာ မပြောနိုင်ပါဘူး။
(ပိုပိုလေး)
comment