1. Home
  2. Movie Stars - Celebrity

မင်းသမီးနားနေခန်းထဲမှာ ချောင်းရိုက်ကင်မရာထားမိလို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ အမျိုးသားတစ်ဦး

Movie Stars - Celebrity มิ.ย. 04, 2562 view 1,670

တောင်ကိုးရီးယားနိုင်ငံ Olive TV မှရိုက်ကူးထုတ်လွှင့်တဲ့ တီဗွီအစီအစဉ် Food Cart Without Brothers အစီအစဉ်မှ Kim မျိုးရိုးအမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ မင်းသမီး နှစ်ယောက် ရဲ့ နားနေခန်းမှာချောင်းရိုက်ကင်မရာထားရှိခဲ့တာကြောင့်အမှုဖွင့်ခံခဲ့ရပါတယ်။ အဆိုပါ မင်းသမီးနှစ်ယောက်က ဘယ်သူတွေဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

နာမည်ကျော် မိန်းကလေးအဆိုတော်အဖွဲ့ Apink မှ အဖွဲ့ဝင် Bomi နဲ့ မင်းသမီး Shin Se Kyung တို့ရဲ့ နားနေခန်းမှာ ချောင်းရိုက်ကင်မရာ တစ်ခုရှာဖွေ တွေ့ရှိရာက စတင်ခဲ့တာဖြစ်ပါတယ်။ မင်းသမီး နှစ်ယောက်ဟာ အမျိုးသားတစ်ဦးက သူမတို့ နှစ်ဦးနားနေခန်းမှာ ကင်မရာထားရှိတာကို သိပြီးနောက် ထိတ်လန့်ခဲ့ကြပါတယ်။

အဆိုပါ အသက် သုံးဆယ်အရွယ် ဝန်ထမ်းအမျိုးသားဟာ ရဲစခန်းမှာအမှုဖွင့် စစ်ဆေးခံခဲ့ရပြီး တောင်ကိုးရီးယား တည်ဆဲဥပဒေအရ ဇွန်လ ၃ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံလိုက်ရပြီပဲဖြစ်ပါတယ်။ ဒီအမှု ဖြစ်ပွားပြီးနောက် ခုံရုံး စစ်ဆေးရေးမှုမှ အောက်ပါအတိုင်းပြောကြားလာပါတယ်။ “ချောင်းရိုက် ကင်မရာထားရှိတယ်ဆိုတာဟာ လူမှုပတ်ဝန်းကျင်အတွက် ကြီးမားတဲ့ ပြဿနာတစ်ရပ်ပါ။ ချောင်းရိုက်တာခံရတဲ့သူတွေအနေနဲ့ သူတို့စိတ်ထဲ ဘယ်တော့ များခြိမ်းခြောက်ခံရမလဲ ဆိုပြီးအကြောက်တရားကြီးနဲ့ နေထိုင်နေရမှာဖြစ်ပါတယ်။ နာမည်ကျော် မင်းသား၊ မင်းသမီးတွေမှာ ဒီလိုကိစ္စတွေအဖြစ်များလေ့ရှိပါတယ်။ ကျွန်တော်တို့ ရှာဖွေတွေ့ရှိချက်အရ တရားခံထားရှိတဲ့ ကင်မရာဟာ ကင်မရာနဲ့ မတူပဲ ဘက်ထရီလေးတစ်လုံးနဲ့ တူပါတယ်။ မိတ်ဆွေတို့လဲ မိမိ ပတ်ဝန်းကျင်မှာ အမြဲတစေသတိရှိနေဖို့ လိုအပ်ပါတယ်” ဆိုပြီး ပြောသွားပါတယ်။

အဆိုပါ အမှုကိစ္စဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀၁၈ က ဖြစ်ပွားခဲ့တာဖြစ်ပြီး နားနေခန်းထဲ ကင်မရာထားရှိတာကို Shin Se Kyung မှ ရှာဖွေတွေ့ရှိသွားက အမှုမှန်ပေါ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်။ အခုတော့ အပြစ်ရှိသူကို ပြစ်ဒဏ်ချမှတ်လိုက်ပြီမို့ မင်းသမီးတို့လဲ စိတ်အေးစွာနေထိုင်နိုင် လောက်ပြီထင်ပါတယ်။

(ပိုပိုလေး)

 



Follow us on