1. Home
  2. Movie Stars - Celebrity

ယောင်္ကျားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို တကယ်ကြိုက်မကြိုက် သိနိုင်မယ့် နည်းလမ်းကို ပြောပြလိုက်တဲ့ယူအင်နာ

Movie Stars - Celebrity มิ.ย. 04, 2562 view 1,820

သရုပ်ဆောင် ယူအင်နာဟာဆိုရင် သူမရဲ့ ပြီးပြည့်စုံတဲ့ အလှတရားတွေနဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် ပရိတ်သတ်ဝန်းရံမှုကို အပြည့်အဝရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ သူမရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှဟာလဲ ယောင်္ကျားသားတွေသာမက မိန်းကလေးတွေပါ ကြွေဆင်းနေရပါတယ်။ ဒီလို မျက်နှာရော ခန္ဓာကိုယ်အချိုးအစားပါ အပြစ်ပြောစရာ မလိုအောင် ပြီးပြည့်စုံနေတဲ့ ယူအင်နာဟာ သူမကို လာရောက်ပိုးပန်းတဲ့ ယောင်္ကျားသားတွေ အများအပြားရှိနေမှာ မဆန်းပါဘူး။ ယူအင်နာတစ်ယောက် တီဗွီအစီအစဉ်တစ်ခုမှာ ယောင်္ကျားသားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို အမှန်တကယ်ကြိုက်မကြိုက် သုံးစက္ကန့်အတွင်း သိနိုင်ကြောင်း ပြောပြလာပါတယ်။ ယူအင်နာ ဘယ်လိုပြောထားလဲ ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

သရုပ်ဆောင် ယူအင်နာဟာ လတ်တလောမှာ Sun Da Bang လို့အမည်ရတဲ့ TV program မှာ ပါဝင်နေတာဖြစ်ပြီး ဒီအစီအစဉ်မှာ သူမဟာ သမီးရည်းစားချစ်သူ စုံတွဲတွေ၊ မိန်းကလေးတွေအတွက် အလှအပရေးရာ တွေကို ဝေမျှပေးလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။

Sun Da Bang အစီအစဉ်မှာ ယူအင်နာတို့ ဖွင့်တဲ့ ကော်ဖီဆိုင်အတွင်း blind date လုပ်တဲ့ စုံတွဲတစ်တွဲကို မြင်ပြီး ယူအင်နာ ယောင်္ကျားလေးတစ်ယောက် မိန်းကလေး တစ်ယောက်ကို မြင်မြင်ချင်း ကြိုက်နှစ်သက်ခြင်းရှိမရှိဆိုတာ သူ့အမူအရာတွေကတစ်ဆင့် သိနိုင်ကြောင်းပြောလာပါတယ်။ (Blind date ဆိုတာမျိုးကတော့ လုံးဝမသိတဲ့ လူနှစ်ယောက်ကို အောင်သွယ်မှတစ်ဆင့် ချိတ်ဆက်ပေးပြီး တွေ့ဆုံစေတာမျိုးဖြစ်ပါတယ်။ )

“ကျွန်မလောင်းရဲတယ် ဒီလူက ကောင်မလေးကို သူစတွေ့ပြီး ၃ စက္ကန့်အတွင်း စိတ်ဝင်စားနေတယ်ဆိုတာ။ ပုံမှန်အားဖြင့် ယောင်္ကျားလေးတစ်ယောက်က သူစိတ်မဝင်စားတဲ့ လူဆိုရင် ဒီတိုင်း မိတ်ဆက်စကားပြောပြီး ထိုင်စရာရှိတာထိုင်လိုက်မှာပါ။ ဒါပေမဲ့ ဒီလူကတော့ ခုံကိုဆွဲယူပြီးထိုင်လိုက်ပေမဲ့ သူမဆီက အကြည့်တွေမခွာသွားဘူး အရမ်းသိသာတယ်” ဆိုပြီး ရှင်းပြလာပါတယ်။

တစ်ဖန် TV program မှာအတူပါဝင်တဲ့ ဟာသပညာရှင် Yang Se Hyung က သူမပြောတာကို သဘောတူတဲ့အနေနဲ့ ယောင်္ကျားလေးတစ်ယောက် မိန်းကလေး တစ်ဦးကို အမှန်တကယ်သဘောကျရင် ဘယ်လိုပြုမူတယ်ဆိုတာ သရုပ်ဖော်ပြပြီးစနောက်ခဲ့ပါသေးတယ်။ ယူအင်နာပြောပြတဲ့ သုံးစက္ကန့်အတွင်း ယောင်္ကျားတစ်ယောက်က မိန်းကလေးတစ်ဦးကို ဘယ်လိုကြွေသွားနိုင်လဲဆိုတာ ဗွီဒီယိုမှာဆက်ကြည့်လိုက်ရအောင်။

(ပိုပိုလေး)

 



Follow us on