1. Home
  2. Movie Stars - Celebrity

လကမ္ဘာကိုသွားရောက်မယ့် နာဆာအဖွဲ့ဝင်များ နားထောင်ဖို့ BTS သီချင်းများရွေးချယ်ခံရ

Movie Stars - Celebrity มิ.ย. 05, 2562 view 1,586

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်လူငယ် အမျိုးသားအဆိုတော်အဖွဲ့ BTS ဟာဆိုရင် ကမ္ဘာအနှံ့အပြားက ပရိတ်သတ်တွေ အားပေးမှုကိုတစ်ခဲနက် ရရှိထားပြီးဖြစ်ပါတယ်။ BTS ဟာ ကမ္ဘာကျော် အင်္ဂလန်ဘောလုံးအသင်း ရဲ့ အိမ်ကွင်း Wembley stadium မှာ ပထမဦးဆုံး ဖျော်ဖြေဖူးတဲ့ ကိုးရီးယားလူမျိုးအဆိုတော်အဖွဲ့ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ သမိုင်းဝင်တဲ့ အောင်မြင်မှုမျိုးစိုက်ထူနိုင်ခဲ့ပြီး အခုဆိုရင် နာဆာအဖွဲ့ဝင်များ လကမ္ဘာသို့ သွားရောက်တဲ့ လမ်းခရီးမှာ နားထောင်ဖို့ သီချင်းများ ရွေးချယ်ရာမှာ BTS သီချင်း ၂ ပုဒ်လဲ အပါအဝင်ဖြစ်ခဲ့ပါတယ်။ နာဆာအဖွဲ့က ရွေးချယ်လိုက်တဲ့ BTS သီချင်းတွေက ဘာဖြစ်မလဲဆိုတာ သိရှိဖို့ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်ကတည်းက နာဆာအဖွဲ့ဟာ လကမ္ဘာမှာ ခြေခြနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုလာမယ့် ၂၀၂၄ မှာ နောက်တစ်ကြိမ် ပြန်လည်ခြေချနိုင်ဖို့ ပြုလုပ်နေကြောင်း နာဆာရဲ့ တွစ်တာအကောင့်ကနေ တစ်ဆင့် အသိပေးလာပါတယ်။ နာဆာအဖွဲ့မှ လကမ္ဘာကို ခြေချနိုင်ခဲ့တဲ့ နှစ် ၅၀ ပြည့်အထိမ်းအမှတ်အနေနဲ့ လပေါ်ကို သွားရောက်မယ့် အဖွဲ့သားများ နားထောင်ဖို့ သီချင်းတွေကို Third Rock Radio မှတစ်ဆင့် ရွေးချယ်ခဲ့ကြပါတယ်။ နာဆာရဲ့ ပရိတ်သတ်တွေကို #NASAMoonTunes ဆိုတဲ့ hastag နဲ့အတူ မိမိနားထောင်စေလိုတဲ့ သီချင်းတွေကို ဝေမျှနိုင်ကြောင်းကိုလဲ အသိပေးခဲ့ပါတယ်။

Army လို့အမည်ရတဲ့ BTS ပရိတ်သတ်တွေဟာ “Moonchild”  “Mikrokosmo” “134340” အစရှိတဲ့ သီချင်းများဟာ လကမ္ဘာနဲ့ သက်ဆိုင်နေကြောင်း နာဆာကို ဝေမျှခဲ့ကြပါတယ်။ နာဆာကလဲ ပရိတ်သတ်များရဲ့ အဆိုတင်သွင်းမှုကို လက်ခံလိုက်ပြီး သီချင်းများဟာ သူတို့နဲ့ ကိုက်ညီမှုရှိကြောင်း ထုတ်ပြန်ကြေညာပြီး သီချင်းသုံးပုဒ်လုံးကို လကမ္ဘာသွားရောက်ရာမှာ နားထောင်သွားမည်ဖြစ်ကြောင်း အသိပေးလာပါတယ်။

လကမ္ဘာမှာပထမဦးဆုံး ဖွင့်ဖူးတဲ့  ကိုးရီးယားသီချင်းများအဖြစ် Army တွေ ဂုဏ်ယူရတော့မယ့် အချိန်ကောင်းတစ်ခုပါ။

(ပိုပိုလေး)

 

 



Follow us on