1. Home
  2. Boxing

ဇွန်လ ၁၅ ရက်နေ့အတွက် မြန်မာ့ဂုဏ်ဆောင်ဖို့ “ဖိုးသော်” ပြင်ဆင်နေ

Boxing มิ.ย. 05, 2562 view 1,642
ONE Championship ရဲ့  “Legendary Quest” MMA စိန်ခေါ်ပွဲကို လာမည့် ဇွန်လ ၁၅ ရက်နေ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲမှာ မြန်မာ MMA ကစားသမား “ဖိုးသော်” လည်း ပါဝင်မှာဖြစ်လို့ လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်ရင်း မြန်မာ့ဂုဏ်ဆောင်နိုင်အောင် ကြိုးစားနေပါတယ်။
 
 
ဒီပွဲမှာ “ဖိုးသော်” က အင်ဒိုနီးရှား ကစားသမားဖြစ်တဲ့ “Victorio Senduk” နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ Victorio Senduk ဟာ IBC ဖယ်သာဝိတ်တန်းမှာ ယှဉ်ပြိုင်ကစားဖူးတဲ့ ကစားသမားဖြစ်ပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဝူရှုးကစားနည်းနဲ့ ၂၀၀၇ ခုနှစ်ကတစ်ကြိမ် ၂၀၁၁ ခုနှစ်ကတစ်ကြိမ် ဆုတွေဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။
 
သူ့အသက် ၁၄ နှစ်အရွယ်ကနေ ကာရာတေးကစားခဲ့ရာမှ ကိုယ်ခံပညာနယ်ပယ်ထဲဝင်ရောက် ၂၀၁၂ ခုနှစ်မှာ ONE Championship ရဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
 
 
MMA ပွဲတိုင်းမှာ မြန်မာလူမျိုးတို့ရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့ ဇွဲသတ္တိကို ပြသလေ့ရှိတဲ့ “ဖိုးသော်” က ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့တုန်းက မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ONE:Reign Of Valor ပွဲစဉ်မှာလည်း အင်ဒိုနီးရှားကစားသမား ‘The Iceman’ကို အနိုင်ယူခဲ့ပါတယ်။
 
 
“ရဲရင့်ခြင်းဆိုတာ အကြောက်တရားလုံးဝမရှိတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ အကြောက်တရားကို အောင်မြင်စွာ ကျော်လွှားနိုင်ခြင်းပါ။” လို့ သူ့ရဲ့လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှာ တင်ထားခဲ့ပါတယ်။
 


Follow us on