1. Home
  2. Movie Stars - Celebrity

သမီးရည်းစားတွေလို့ ထင်မှတ်ရလောက်တဲ့ Dee Dee Burmese Vlog နှင့် Dora Alex တို့ပုံရိပ်များ

Movie Stars - Celebrity มิ.ย. 06, 2562 view 2,209

မြန်မာနိုင်ငံရှိ နာမည်ကျော် social influencers တွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ Dee Dee Burmese Vlog ဟာ တစ်ချိန်ကနာမည်ကျော် ပေါ့ပ်အဆိုတော်ကြီး အဲလက်စ်ရဲ့ သမီး Dora အဲလက်စ်ပဲနဲ့အတူ MTV ရိုက်ကူးထားပါတယ်။  ဒီ MTV မှာဆိုရင် Dee Dee နဲ့ Dora တို့နှစ်ဦးဟာ အမှန်တကယ် ချစ်စဖွယ်ပုံစံလေးတွေနဲ့ သရုပ်ဆောင်ထားတာကြောင့် တကယ့် ချစ်သူရည်းစားတွေလို့တောင် ထင်မှတ်ရပါတယ်။  သူတို့နှစ်ဦးရဲ့ ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်လေးတွေနဲ့ Dora အကြောင်းလေးကို သိရှိဖို့ ပိုပိုလေးနဲ့အတူ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

Dora Alex ဟာ အဆိုတော် အဲလက်စ်ရဲ့ သမီးဖြစ်တဲ့အလျောက် ငယ်စဉ်ကတည်းက သီချင်းဆို ဝါသနာပါသူတစ်ဦးပဲဖြစ်ပါတယ်။ ဂစ်တာတီးရင်း သီချင်းရေးရတာ သဘောကျလို့ သူ့ခံစားချက်တွေကို သီချင်းအဖြစ်နဲ့ သိမ်းထားပြီးရေးထားခဲ့ပါတယ်။ တစ်နေ့မှာ သူတို့မိသားစုနဲ့ရင်းနှီးတဲ့ ကျားပေါက်က Dora ရေးထားတဲ့ သီချင်းတွေကို မြင်တွေ့သွားပြီး သူကိုယ်တိုင် music producer လုပ်ကာ အခွေထုတ်ပေးခဲ့တာဖြစ်ပါတယ်။

Dora Alex ရဲ့ Deubt album ဖြစ်တဲ့ First things first မှာ သီချင်း ၈ ပုဒ်ပါဝင်ပြီး ၇ပုဒ်က Dora Alex ရေးသားထာတာပါ။ ကျန်တဲ့ တစ်ပုဒ်ကတော့ အဆိုတော်ကျားပေါက် ရေးသားပေးတာပဲဖြစ်ပါတယ်။ Dora Alex ဆိုတဲ့ သီချင်းအမျိုးအစားကတော့ တခြားလူငယ်တွေလို trend နောက်လိုက်နေတာမဟုတ်ပဲ indie pop ပုံစံမျိုးလေး ကိုယ်ပိုင်စတိုင်နဲ့ သွားတာတွေ့ရမှာပါ။

မြန်မာနိုင်ငံရှိ လူငယ်တွေ ပန်းတိုင်ကိုအရောက်လှမ်းနိုင်ဖို့ အမြဲအားပေးစကားတွေ၊ စိတ်ဓာတ်မကျပဲ ဇွဲမလျော့ပဲ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာတွေကို အမြဲ လမ်းညွှန်ပေးနေတဲ့ Dee Dee Burmese Vlog နဲ့ Dora Alex တို့နှစ်ယောက် အတူ တွဲဖက်သရုပ်ဆောင်ထားတာဟာဆိုရင် နတ်ဖတ်တဲ့ စုံတွဲလေးနဲ့တောင် တူနေပါသေးတယ်။

Dee Dee က သူ့ လူမှုကွန်ယက်ဖေ့ဘွတ်ခ်စာမျက်နှာကနေ “It’s different အချစ်ဆိုသည်မှာ” ဆိုတဲ့ ကပ်ရှင်နဲ့အတူ ရေးသားပြီး စုံတွဲပုံများကို တင်ကာ အသိပေးခဲ့တာပါ။ Dora ကလဲ သူကိုယ်ပိုင် ဖေ့ဘွတ်ခ်စာမျက်နှာမှာ it’s different လို့ရေးသားပြီး တင်ခဲ့ပါတယ်။ It’s different ဆိုတာကတော့ Dora Alex ရဲ့ ပထမဦးဆုံးထွက်ရှိတဲ့ အယ်လ်ဘမ်၊ Different သီချင်းထဲက စာသားကို ရည်ညွှန်းတာပဲဖြစ်ပါတယ်။

(ပိုပိုလေး)

 



Follow us on