1. Home
  2. Movie Stars - Celebrity

အသက် (၅၀) ကျော်လို့ မထင်ရအောင် အရွယ်တင်နုပျိုလွန်းနေတဲ့ ထိုင်ဝမ်မင်းသမီး Stephanie Siao

Movie Stars - Celebrity มิ.ย. 06, 2562 view 1,675

ထိုင်ဝမ်သရုပ်ဆောင် Stephanie Siao ဟာဆိုရင် အသက်အရွယ်အားဖြင့် ၅၀ ကျော်ပြီဆိုပေမဲ့ သူမရုပ်ရည်နဲ့ ကိုယ်ခန္ဓာအချိုးအစားဟာ နှစ်ဆယ်ကျော် မိန်းကလေးတစ်ယောက်လိုပါပဲ။ သူမရဲ့ အရပ်ပေကတော့ ၅ ပေ ၇ လက်မရှိပြီး ဒီအသက်အရွယ်ထိ အရေးပြားတွန့်တာမျိုးမရှိသလို အိုမင်းရင့်ရော်တဲ့ လက္ခဏာမျိုးမရှိတာလဲတွေ့ရမှာပါ။ ဒီလို အရွယ်တင်နုပျိုနေတဲ့ မင်းသမီးကို လူမှုကွန်ယက်မှာ လူပြောများလာပြီး။ သူမဒီလို နုပျိုနေရတဲ့ အကြောင်းအရင်းတွေကို ပရိတ်သတ်များက သိချင်နေကြပါတယ်။Stephanie Siao တစ်ယောက် ဘာကြောင့် ဒီလိုနုပျိုနေတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Stephanie Siao ဟာ ၁၉၆၈ ခုနှစ်ဖွားမြင်သူတစ်ဦးဖြစ်ပြီး လာမယ့် သြဂုတ်လမှာ အသက်အားဖြင့် ၅၁ နှစ်ပြည့်တော့မှာပါ။ ၁၉၈၉ ခုနှစ်မှစတင်ပြီး အနုပညာလောကထဲကို ဇာတ်ကားတွေရိုက်ကူးရင်း ဝင်ရောက်ခဲ့တာပါ။ ၁၉၉၆ မှာတော့ သူမပါဝင်သရုပ်ဆောင်တဲ့ ဒရာမာဇာတ်လမ်းတွဲ A Curtain of love Dream ဇာတ်ကားဟာ အာရှတလွှားမှာ လျှမ်းလျှမ်းတောက်အောင်မြင်သွားခဲ့ပါတယ်။

Stephanie Siao ဟာ ဆယ်စုနှစ်သုံးစုလုံးမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ယောက်အနေနဲ့ တင်စားခံရပြီး ထိုင်ဝမ်ရဲ့ ‘အလှပဆုံး အမျိုးသမီး’ တစ်ဦးအဖြစ် တင်စားခံရသူတစ်ဦးလဲဖြစ်ပါတယ်။ သူမဟာ အသက်သာ တဖြည်းဖြည်း ကြီးလာပေမဲ့ ရုပ်ရည်အားဖြင့်ပြောင်းလဲသွားခြင်းမျိုးမရှိတာကြောင့် weibo ကနေတဆင့် သူမ နုပျိုရခြင်းအကြောင်းအရင်းတွေကို ပရိတ်သတ်များက မေးမြန်းလာပါတယ်။

Stephanie ကလဲ သူမရဲ့ လျှို့ဝှက်ချက်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ သူမဟာ အသားအရေကြည်လင်အောင် ထိန်းသိမ်းဖို့၊ အရေးအကြောင်းတွေမပေါ်အောင် ယောဂကျင့်စဉ်ကို နေ့စဉ် ကျင့်လာတာ ၁၀ နှစ်တိုင်တိုင် ရှိသွားပြီဖြစ်ကြောင်း အသိပေးလာပါတယ်။ ရေကူးတာကလဲ သူမရဲ့ ဝါသနာတစ်ခုဖြစ်ပြီး အမြဲစိတ်ကြည်လင်နေအောင် ပန်းပင်တွေစိုက်တာ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးလေ့ရှိကြောင်း ပြောပြထားပါတယ်။ ဒါ့အပြင် နောက်ထပ် သူမဒီလို နုပျိုနေရတဲ့အကြောင်းအရင်းကတော့ အသီးအရွက် များကိုသာ အဓိကထားစားသုံးဖြစ်တာကြောင့်ပဲဖြစ်တယ်လို့ ပြောသွားပါတယ်။

အခုဆိုရင် Stephanie ရဲ့ နုပျိုခြင်းလျှို့ဝှက်ချက်တွေကို သိပြီးပြီမို့ သူမလို ငယ်ရွယ်နုပျိုချင်တယ်ဆိုရင် သူမလမ်းစဉ်လေးတွေအတိုင်း လိုက်နာကျင့်သုံးလိုက်ကြပါစို့။

(ပိုပိုလေး)  

 



Follow us on