1. Home
  2. Movie Stars - Celebrity

လိင်တူချင်းကြိုက်နှစ်သက်သူဟု အထင်လွဲနေမှုအပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ Sunmi

Movie Stars - Celebrity มิ.ย. 06, 2562 view 1,580

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်ကေပေါ့ပ် အမျိုးသမီးအဆိုတော် Sunmi ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ရှိုးပွဲတစ်ခုမှာ lgbt ကိုထောက်ခံအားပေးကြောင်း ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။ ဒါကို ပရိတ်သတ်တွေက အထင်မှတ်မှားပြီး Sunmi ကို  lgbt တစ်ဦးလို့ ထင်မှတ်ခဲ့ကြတာပါ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး Sunmi တစ်ယောက် ဘယ်လိုဖြေရှင်းလာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်အောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Sunmi ဟာပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ lgbt အလံကို ကိုင်ဆောင်ကာ “ကျွန်မမှာ ရှင်တို့မမြင်ဖူးတဲ့ side တွေမှ အများကြီးပဲ ဥပမာ lbgt queen ဆိုတာမျိုးပေါ့” ဆိုပြီး ပြောသွားပါတယ်။ များသောအားဖြင့် Sunmi ကိုအားပေးကြတဲ့ ယောင်္ကျားလေးပရိတ်သတ်အများစုဟာ ဂေးများဖြစ်ကြတာကြောင့် Sunmi ပြောတဲ့ lgbt queen, gay queen ဆိုတာ ဒါကို ဆိုလိုလေသလားဆိုပြီး ပရိတ်သတ်တွေ ရင်ထဲ သို့လော သို့လောဖြစ်စေခဲ့ပါတယ်။

ဒါ့အပြင် Sunmi ဟာ ဂျူနီယာအဆိုတော်တွေမှာလဲ ယောင်္ကျားလေးတွေထက် မိန်းကလေးတွေကိုသာ ဦးစားပေးလေ့ရှိတာကြောင့် သူမကို မိန်းကလေးချင်းစိတ်ဝင်စားနေသူဟု ပရိတ်သတ်အချင်းချင်း တွစ်တာတစ်ခွင်မှာစနောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ Sunmi ကတော့ ဒီလိုစနောက်နေတဲ့အပေါ် ပြန်လည်ဖြေရှင်းလိုက်ပါပြီ။

“haha ငါ့မှာ မင်းတို့ မမြင်နိုင်တဲ့ ပုံစံရှိတယ်၊ Lgbt queen လိုမျိုးဆိုတာက ငါ lgbt ကိုထောက်ခံအားပေးတယ်လို့ပြောတာပါ။ ငါကိုယ်တိုင်တော့ lgbt မဟုတ်ပါဘူး အထင်မလွှဲကြပါနဲ့” ဆိုပြီး သူမတွစ်တာအကောင့်ကနေတစ်ဆင့် အသိပေးခဲ့ပါတယ်။

အခုဆို Sunmi ကိုယ်တိုင် ဝန်ခံပြောကြားလိုက်ပြီမို့ ပရိတ်သတ်ကြီးလဲ Sunmi ဘာကို ကြိုက်နှစ်သက်လဲဆိုတာ သိလောက်ပြီထင်ပါတယ်။

(ပိုပိုလေး)

 



Follow us on