1. Home
  2. Movie Stars - Celebrity

အဆိုတော်တစ်ယောက်အနေနဲ့ လူမသိအောင် ရည်းစားထားနည်းကို ပြောပြလိုက်တဲ့ Sandara Park

Movie Stars - Celebrity มิ.ย. 07, 2562 view 1,757

တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီး ကေပေါ့ပ်အဖွဲ့ 2NE1  မှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Sandara Park ဟာဆိုရင် သူမရဲ့ ချစ်ဖို့ကောင်းတဲ့ ဟန်ပန်၊ ပွင့်လင်းစွာပြောဆိုတတ်တဲ့ အမူအကျင့်လေးတွေကြောင့် ပရိတ်သတ်ချစ်ခင်မှု အပြည့်အဝရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။ 2NE1 အဖွဲ့မှာပါဝင်ကတည်းက ချစ်ဖို့ကောင်းတဲ့ Dara တစ်ယောက် လူချစ်လူခင်ပေါများခဲ့ပြီး အခုဆိုရင် variety star တစ်ယောက်အနေနဲ့လဲ Dara ကို ချစ်ခင်ပေးနေကြတုန်းပါပဲ။ Dara ဟာဆိုရင် အနုပညာ အသိုင်းအဝိုင်းမှာ ချစ်မှုရေးရာ၊ ရည်းစားကိစ္စနဲ့ ပတ်သတ်ပြီး သတင်းထွက်ရှိမှု နည်းသူတစ်ဦးပါ။ Sandara တစ်ယောက် အနုပညာလောကကို အသက် ၂၀ နှစ် အရွယ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ထိုအချိန်ကတည်းက ရည်းစားထားဖြစ်ခဲ့ကြောင်း၊ သူထားခဲ့တဲ့ ရည်းစားတွေကလဲ နာမည်ကျော်စတားတွေသာဖြစ်ကြောင်းပြောပြခဲ့ပြီး လူမသိအောင် ရည်းစားဘယ်လိုထားခဲ့တယ်ဆိုတာ ဝေမျှပေးခဲ့ပါတယ်။ Sandara Park ရဲ့ ရည်းစားထားခြင်း လျှို့ဝှက်ချက်က ဘယ်လိုဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်မှာ ထုတ်လွှင့်ပြသသွားတဲ့ MBN ရဲ့ Hun Man Jung Eum အစီအစဉ်မှာ Dara က သူကိုယ်ပိုင် dating Style ကို ပြောပြလာပါတယ်။ Sandara Park ကို ပရိတ်သတ်တွေက ၂၀၀၉ ခုနှစ် 2NE1 အဖွဲ့နဲ့ ပွဲဦးထွက်ပြီး သတိထားမိလာကြတာဖြစ်ပါတယ်။ အမှန်တော့ Dara ဟာ 2NE1 ထဲ မဝင်ခင် အသက် ၂၀ အရွယ်ကတည်းက အနုပညာလောကထဲ ဝင်ရောက်ခဲ့တာပါ။ “ကျွန်မ အသက် ၂၀ အရွယ် ကစပြီး ဒီလောကထဲဝင်လာခဲ့တာ အဲ့အချိန်ကတည်းက တွဲဖူးတာတွေကလဲ နာမည်ကျော် စတားတွေဖြစ်ခဲ့တယ်” ဆိုပြီး အစချီပြောကြားလာပါတယ်။

“အများဆုံးကတော့ ကျွန်မလို အဆိုတော်တွေပါပဲ။ နှစ်တစ်နှစ်ပြီးဆုံးလို့ ဆုပေးပွဲတွေလုပ်တဲ့အခါ၊ ခရစ်စမတ်လို အထူး ရှိုးပွဲတွေမှာ အကြည့်ချင်းဆုံမိရင်းက ဇာတ်လမ်းတွေဖြစ်လာတာမျိုးပေါ့။ ဒီလို အဖွဲ့တွေအများကြီး ပါရတဲ့ပွဲမျိုးတွေက သိပ်ပျော်စရာကောင်းတယ်။ တစ်ခုတော့ရှိတယ် ရည်းစားထားမယ်ဆိုရင် လူတွေမသိအောင် ဘယ်မှမသွားပဲကားထဲမှာ တွေ့တာမျိုး၊ အွန်လိုင်းပေါ်မှာပဲ chatting ထိုင်တာမျိုးတွေလုပ်လို့ရပါတယ်” ဆိုပြီးပြောပြသွားပါတယ်။

စီနီယာအစ်မကြီး Sandara Park က သူရည်းစားထားတဲ့ ပုံစံတွေကို ပြောပြသွားပြီမို့ နောက်တက်လာတဲ့ ဂျူနီယာတွေအတွက် အကျိုးရှိသွားမယ်လို့ထင်ပါတယ်။

Source-koreaboo

(ပိုပိုလေး)

 

 

 



Follow us on