1. Home
  2. Special or Others

Got Talent ပြိုင်ပွဲဝင် အကမယ် သတ်ခံရမှု ရည်းစားဟောင်း ဖမ်းဆီးခံထားရ

Special or Others มิ.ย. 07, 2562 view 1,597
အကအလှမယ်တစ်ဦးလည်းဖြစ်ပြီး ဂျာမဏီ Got Talent မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အသက် ၃၃ နှစ်အရွယ် Alla klyshta ရဲ့ အလောင်းကို ရိုင်းမြစ်ထဲမှာ ပေါ်လောမျောပါလျှက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။
 
 
Alla klyshta ဟာ ယူကရိန်းနိုင်ငံ ဇာတိဖြစ်ပေမယ့် ဂျာမဏီနိုင်ငံမှာ အခြေချနေထိုင်ခဲ့သူပါ။ သူမဟာ အကအလှမယ်ဖြစ်ပြီး ၂၀၁၀ ခုနှစ်က Germany’s Got Talent မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်အခိုင်အမာရရှိခဲ့ပါတယ်။ သူမဟာ hula-hoop လို့ခေါ်တဲ့ ကိုယ်လုံးတစ်ပတ်ချာလည် လှည်ပြီးကတဲ့ အကမှာလည်း စံချိန်တင်ထားသူပါ။ ပြိုင်ပွဲအပြီးမှာတော့ ဇိမ်ခံအပျော်စီးသင်္ဘောကြီးပေါ်မှာ ကပြဖျော်ဖြေသူအဖြစ် အလုပ်ရရှိခဲ့ပါတယ်။
 
 
သူမသေဆုံးခဲ့ချိန်က ရတ်စ်မြို့မှာရှိတဲ့ Night Beat Angels ဖျော်ဖြေပွဲမှာ တင်ဆက်ကပြခဲ့ချိန်ဖြစ်မယ်လို့ ယူဆထားပါတယ်။ အဲဒီနောက် ဧပြီလကုန်ပိုင်းမှာ သူမလက်ခံထားတဲ့ ဖျော်ဖြေပွဲတစ်ခုကို ရောက်မလာတာကြောင့် klyshta ပျောက်ဆုံးနေကြောင်း သတင်းပို့ထားကြပါတယ်။
 
သူမရဲ့အလောင်းကို ဂျာမဏီနိုင်ငံ အနောက်တောင်ပိုင်း ရတ်စ်မြို့အနီးက ရိုင်းမြစ်ထဲမှာ ပေါလောမျောပါလျှက် မေလ ၁၈ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ရဲတွေက အလောင်းကို စစ်ဆေးခဲ့ပြီးနောက် Alla klyshta ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
 
သူမဟာ သတ်ခံရပြီးမှ မြစ်ထဲကို စွန့်ပစ်ထားကြောင်းလည်း ပေါ်ပေါက်ခဲ့ပါတယ်။ သတ်ခံရမှုမှာ သံသယရှိတဲ့ သူမရဲ့ ရည်းစားဟောင်းကို ရဲအဖွဲ့က ဖမ်းဆီးထိမ်းသိမ်းထာပြီး စစ်ဆေးမေးမြန်မှုတွေ ပြုလုပ်နေပါတယ်။ လက်ရှိအချိန်မှာတော့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ တရားစွဲဆိုထားခြင်း မရှိသေးပါဘူး။
 
 
လွန်ခဲ့တဲ့တစ်နှစ်လောက်က Alla klyshta နဲ့ ဆုံခဲ့ဖူးတဲ့ ဂျာမဏီအဆိုတော် Chris Kolonko က “သူမရဲ့ ရည်းစားဟောင်းက လူကောင်းတစ်ယောက်ပါ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ တက်လိုက်ကျလိုက်ပဲ။ သူတို့နှစ်ယောက်ပြတ်သွားပြီလို့လဲပြောပါတယ်၊ ဒါပေမယ့် အလုပ်တော့ အတူတူတွဲလုပ်နေတုန်းပါ” လို့ ဆိုပါတယ်။


Follow us on