1. Home
  2. Special or Others

အဓ္ဓမပြုကျင့်သူလက်မှ လွတ်အောင် လျှာကိုက်ဖြတ်ခဲ့တဲ့ ဆရာဝန်မ

Special or Others มิ.ย. 07, 2562 view 1,580
အသက် ၂၄ နှစ်အရွယ် ဆရာဝန်မတစ်ဦးဟာ ဆေးရုံက ဝန်ထမ်းများနားနေခန်းမှာ ရှိနေစဉ် လူနာယောင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦး ရုတ်တရက်ဝင်လာကာ အဓ္ဓမပြုကျင့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဆရာဝန်မက အတင်းရုန်းကန်ရင်း နောက်ဆုံးမှာ မုဒိန်းသမားရဲ့ လျှာကို ကိုက်ဖြတ်ပြီးမှ လွတ်မြောက်သွားခဲ့ပါတယ်။
 
အခန်းထဲကို ဝင်လာတဲ့ အမျိုးသားဟာ ဆရာဝန်မရဲ့ ကိုယ်လုံးပေါ်အတင်းတင်းဖိပြီး သူ့ရဲ့လျှာနဲ့ အဓ္ဓမနမ်းရှုံ့စဉ် ဆရာဝန်မက လျှာကို ကိုက်ဖြတ်လိုက်တာဖြစ်ပါတယ်။ လျှာပြတ်ခဲ့တာကြောင့် နာကျင်စွာအော်ဟစ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။
 
 
သိပ်မကြာမီမှာ ရဲတွေက အသက် ၃၂ နှစ်အရွယ် အဓ်ူမပြုကျင့်ရန် ကြိုးစားသူ အမျိုးသားကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး လျှာကိုပြန်ဆက်ဖို့ ဆေးရုံတင်ခဲ့ရပါတယ်။ ဖြစ်စဉ်ဟာ တောင်အာဖရိကနိုင်ငံ Bloemfontein ရှိ Pelenomi Tertiary ဆေးရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
 
 
ဆရားဝန်မကိုတော့ ဆေးစစ်မှုတွေနဲ့ စိတ်ပိုင်ဆိုင်ရာ ပုံမှန်ပြန်လည်ထူထောင်လာအောင် ဆွေးနွေးနှစ်သိမ့်မှုတွေ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။
 


Follow us on