1. Home
  2. Movie Stars - Celebrity

စစ်မှုထမ်းတာဝန်ပြီးဆုံးပြီး မကြာခင်ပရိတ်သတ်ရှေ့ ပြန်လည်ရောက်ရှိလာတော့မယ့် ကင်မ်ဆူးဟွန်း

Movie Stars - Celebrity มิ.ย. 10, 2562 view 1,466

နာမည်ကျော် သရုပ်ဆောင် ကင်မ်ဆူးဟွန်းဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ အရွယ်ရောက်သူ ယောင်္ကျားသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအရ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃၊ ၂၀၁၇ မှာ စတင်အမှုထမ်းခဲ့ပါတယ်။ “My Love from another star” ဇာတ်ကားနဲ့ ဒိုမင်းဂျွန်လို့ မြန်မာပရိတ်သတ်တွေ မှတ်မိကြတဲ့ ကင်မ်ဆူးဟွန်းဟာဆိုရင် တော့ပ်စတားတစ်ဦးဖြစ်တဲ့အလျောက် စစ်မှုထမ်း မပြီးဆုံးခင် ကာလကတည်းက ထွက်တာတာနဲ့ ရိုက်ကူးရေးတွေစတင်ဖို့ ကမ်းလှမ်းခြင်းခံနေရပါပြီ။ ကင်မ်ဆူးဟွန်းတစ်ယောက် စစ်မှုထမ်းပြီးဆုံးမယ့်ရက်နဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် အနုပညာလှုပ်ရှားမှုတွေကို သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ကင်မ်ဆူးဟွန်းရဲ့ အေဂျင်စီ KeyEast Entertainment ရဲ့ သတင်းထုတ်ပြန်ချက်အရ မင်းသားဟာ စစ်မှုထမ်းခြင်းပြီးဆုံးတာနဲ့ နာမည်ကျော်အလှကုန်ပစ္စည်း တစ်ခုရဲ့ ကြော်ငြာမော်ဒယ်အဖြစ် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ လာမယ့် ဇူလိုင် ၁ ရက်နေ့မှာအမှုထမ်းခြင်းပြီးဆုံးသွားမည်ဖြစ်ပြီး အခုဆိုရင် စစ်တပ်မှာ ပထမတန်း စစ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေရတာပဲဖြစ်ပါတယ်။

ကင်မ်ဆူးဟွန်းဟာ နှလုံးအားနည်းတဲ့ ရောဂါတစ်မျိုးကို ပိုင်ဆိုင်ထားတာကြောင့် စစ်တပ်မှာ စတင်အမှုထမ်းတဲ့အချိန်တုန်းက စတုတ္ထအဆင့်သာရှိတဲ့စစ်သားတစ်ယောက်အဖြစ် အမှုထမ်းဆောင်ခဲ့ရပြီး ဇွဲလုံ့လ မလျော့ပဲ ပထမတန်း စစ်သားတစ်ယောက်ဖြစ်ဖို့ စာမေးပွဲကို ဆက်လက်ဖြေဆိုခဲ့ပါတယ်။ ဖြေဆိုအောင်မြင်ပြီးနောက် တောင်ကိုးရီးယားစစ်တပ်မှာ ပထမတန်း အမှုထမ်းစစ်သားတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

အေဂျင်စီသတင်းထုတ်ပြန်ချက်အရ ကင်မ်ဆူးဟွန်းဟာ စစ်မှုထမ်းနေစဉ်ကာလအတွင်း ခက်ခဲတဲ့ mission များကို အကောင်းဆုံးရလာဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆင့် ၁ တပ်ခွဲနဲ့အတူ တောင်၊မြောက် နယ်မြေပိုင်းခြားတဲ့ တပ်ခွဲမှာ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ဒီလို ကြီးမားတဲ့တာဝန်မျိုးထမ်းဆောင်ဖို့ အမှုထမ်းစစ်သားတွေထဲက အတော်ဆုံး လူဦးရေ ၀.၁ % လောက်သာ ရွေးချယ်ခံရတာပါ။ ကင်မ်ဆူးဟွန်းဟာ ရောဂါကို လစ်လျူရှုပြီး ဒီလိုကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်လောကမှာ အောင်မြင်ကျော်ကြားသလို စစ်မှုထမ်းတဲ့အခါမှလဲ ပထမတန်းအမှုထမ်းတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရတဲ့ ကင်မ်ဆူးဟွန်း၊ ဘယ်နေရာရောက်ရောက် အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့ သူ့စိတ်ထားကို မချီးကျူးပဲ မနေနိုင်တော့ပါဘူး။

(ပိုပိုလေး)



Follow us on