1. Home
  2. Movie Stars - Celebrity

WINNER ဖြစ်ရင် ကျေးဇူးဆပ်မယ်ဆိုတဲ့ စိတ်ကူးတွေ အငွေ့ပျံခဲ့ရတဲ့ “လင်းခက်”

Movie Stars - Celebrity มิ.ย. 10, 2562 view 1,550
The Voice Myanmar Season 2 ရဲ့ အထူးခြားဆုံး ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ “လင်းခက်” ဟာ မနေ့ညက Semi Final Live Show ညမှာ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ သီသီလေးလွဲချော်သွားခဲ့ရပါတယ်။ 
ဒီလိုလွဲချော်သွားခဲ့ရတဲ့အတွက် ပရိသတ်တွေလည်း သူနဲ့ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။
“လင်းခက်” က WINNER ဖြစ်ရင်ဆိုတဲ့ သူ့ရဲ့စိတ်ကူးလေးကို ခွဲခွာနှုတ်ဆက်စကားမှာ ပြောပြခဲ့တဲ့အခါ ပရိသတ်တွေ ပိုလို့ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။
 
အခုလိုမျိုး သူပြိုင်ပွဲကနေ ထွက်သွားခဲ့ရတဲ့အပေါ် စိတ်မကောင်းမဖြစ်ကြဖို့နဲ့ အခုလို အခြေအနေမျိုးကြုံလာရင် ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောခဲ့ပါတယ်။ သူ့ကို Voting ပေးပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေနဲ့ ငွေကြေးထောက်ပံ့ပေးခဲ့တဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေကိုလည်း WINNER ဖြစ်ခဲ့ရင် ကျေးဇူးဆပ်မယ်လို့ ဆုံးဖြတ်ထားပေမယ့် အခုတော့ ပြန်လည် ကျေးဇူးတုံ့ပြန်ခွင့်မရတော့ပါဘူး။ 
 
 
Blind Audition က စလို့ ပြိုင်ပွဲတစ်လျှောက်လုံးမှာ “လင်းခက်” က တော်ရုံတန်ရုံ ပြိုင်ပွဲဝင်တွေ ဆိုနိုင်ခဲတဲ့ ‘ထူးအိမ်သင်’ နဲ့ ‘အောင်ရင်’ တို့ရဲ့ သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ သူဆိုခဲ့တဲ့ သီချင်းတွေအားလုံးက အဆိုပညာ ပါးပါးနပ်နပ်နဲ့ ဆိုနိုင်မှ နားဝင်ချိုနိုင်မယ့် သီချင်းမျိုးတွေ ဖြစ်ပါတယ်။ ဒီသီချင်းတွေနဲ့ပဲ “လင်းခက်” အဆင့်ဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး Knockout အဆင့်မှာတောင် ပရိသတ်တွေရဲ့ voting အများဆုံးနဲ့ Semi Final ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
 
“လင်းခက်” ရဲ့ နောက်ဆုံး နှုတ်ဆက် ခွဲခွာစကားလေးနဲ့အတူ သူ့ရဲ့ ပြိုင်ပွဲဝင် သီချင်းတွေကို အမှတ်တရ စုစည်းဖော်ပြပေးလိုက်ပါတယ်။
 
 
 
 
 


Follow us on