မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်သလို Miss Myanmar World 2018 ရဲ့အလှမယ်တစ်ဦးလည်းဖြစ်တဲ့ ဟန်တီကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကထဲမှာ အောင်မြင်နေသူတစ်ဦးဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအယာနဲ့ သွက်လက်ထက်မြတ်သူတစ်ဦးဖြစ်တာကြောင့် ပရိသတ်ရဲ့အားပေးချစ်ခင်မှုတွေကို အပြည့်အ၀ရရှိထားတဲ့ ဟန်တီကတော့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Model Festival 2019 ဆုပေးပွဲကြီးမှာ ဆုရရှိခဲ့ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ဇွန်လ (၉) ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာကျင်းပခဲ့တဲ့ Star award ဆုပေးပွဲကြီးမှာ အာရှရဲ့ စူပါစတားမော်ဒယ်အဖြစ် Asia Model Star Award ဆုကိုရရှိခဲ့တဲ့ ဟန်တီဟာဆိုရင် ကိုရီးယားဘာသာစကားနဲ့ ကျေးဇူးတင်ကြောင်းပြောသွားခဲ့ပါတယ်။ ထိုပွဲကိုတက်ရောက်လာတဲ့ ကိုရီးယားလူမျိုးတွေကတောင် အံ့သြတကြီးဖြစ်သွားခဲ့ရသည်အထိ ဟန်တီကတော့ စင်မြင့်ထက်ကနေ ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ ကိုရီးယားစကားနဲ့ကျေးဇူးတင်ကြောင်းပြောသွားခဲ့ပြီး သူမရဲ့ဘာသာစကားစွမ်းရည်ကို ထုတ်ပြခဲ့တာပဲဖြစ်ပါတယ်။
ဟန်တီကတော့ ထိုပွဲမှာဆုသွားမယူခင်ကတည်းက ‘ဆုရရှိတဲ့အခါ ကျေးဇူးတင်စကားပြောရင် ကိုရီးယားစကားနဲ့ပဲပြောသွားမယ်’ လို့ အင်တာဗျူးတစ်ခုကနေ ကြိုတင်အသိပေးပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။ သို့ပေမယ့် သူများနိုင်ငံကပေးတဲ့ဆုကိုတက်ယူခဲ့တဲ့ဟန်တီကတော့ သူတို့ရဲ့နိုင်ငံသုံးစကားနဲ့ ကျေးဇူးတင်ကြောင်းကို အထစ်အငေါ့မရှိ ကျွမ်းကျင်စွာနဲ့ပြောဆိုသွားတဲ့အတွက် အစီအစဉ်တင်ဆက်သူတွေရော၊ ပွဲလာသူ ကိုရီးယားလူမျိုး ပရိသတ်အပေါင်းအားလုံး အံ့သြသွားခဲ့ရတာဖြစ်ပါတယ်။
Asia model award ဆုကိုရရှိခဲ့တဲ့ အလှမယ်ဟန်တီရဲ့ ကိုရီးယားစကားနဲ့ ကျေးဇူးတင်ကြောင်းပြောသွားတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ ဟန်တီကတော့ အင်္ဂလိပ်ဘာသာစကားအပြင်၊ တရုတ်နဲ့ ကိုရီးယားစကားကိုပါ လေ့လာသင်ယူနေတာဖြစ်ပြီး ဂျပန်စကားကိုပါ ထပ်ပြီးသင်ယူသွားဦးမယ်လို့လဲ ဆိုပါတယ်။
(ပိုပိုလေး)