မိတ်ဆွေတို့ ချစ်ခင်နှစ်သက်ကြတဲ့ မင်းသား၊ မင်းသမီး၊ အဆိုတော်တို့ နေထိုင်ရာ တောင်ကိုးရီးယားနိုင်ငံဟာ နိုင်ငံတကာနဲ့ အသက်တွက်ချက်ပုံချင်း မတူညီပါဘူး။ ကိုးရီးယားလူမျိုးတွေရဲ့ အသက်တွက်ချက်ပုံကတော့ မိခင်ဗိုက်ထဲမှာ စတင်ကိုယ်ဝန်ဆောင်တဲ့အချိန်ကစပြီး သက်ရှိလူသားတစ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်တာကြောင့် အဆိုပါကလေးဟာ မွေးဖွားပြီးတဲ့အခါမှာ အလိုအလျောက်အသက် တစ်နှစ်ပြည့်ပြီးသားပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုးရီးယားလူမျိုးတွေဟာ ဘယ်နိုင်ငံပဲရောက်ရောက် ရွယ်တူအချင်းချင်းတွေကြားမှာတောင် အသက် တစ်နှစ်အလိုလိုကြီးလို့နေပါတယ်။ ဒီကိစ္စကို ပါလီမန်အဖွဲ့ဝင်တစ်ဦးက ဘာကြောင့် အသက်အရွယ်တွက်ချက်မှုအမှားကြီးကို ပြုပြင်ဖို့လိုအပ်တယ်ဆိုတဲ့ အကြောင်းအရင်းကို ရှင်းပြလာပါတယ်။ ပါလီမန်လူကြီးပြောသွားတဲ့ စကားတွေကို သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
“အဓိက အသက်တွက်ချက်ပုံပြောင်းလဲဖို့ အဆိုတင်သွင်းတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ တရားရုံးတက်ရတာတို့၊ ဆေးရုံတက်ရတာတို့ အစရှိတဲ့ ကိစ္စတွေမျိုးမှာ နိုင်ငံတကာမှာသုံးတဲ့ အသက်ကိုသာဖော်ပြလို့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့လူမျိုးတွေဟာ ရုံးတက်တဲ့အချိန်မှာတော့ ပုံမှန်အသက်ဖြစ်ပြီး အပြင်ရောက်လို့ ကိုယ့်အသက်ကိုယ် မိတ်ဆက်ကြတဲ့အခါမှာတော့ အသက်တစ်နှစ်တိုးပြီးပြောရပြန်တယ်၊ ဒါဟာ ပြည်သူတွေအတွက် ခိုင်မာတဲ့အသက်တွက်ချက်ပုံ တစ်ခုကို အသေအချာချပြဖို့ လိုအပ်လာပြီလို့ထင်ပါတယ်” ဆိုပြီး စတင်ပြောကြားလာပါတယ်။
မြောက်ကိုးရီးယားဟာလဲ ယခင်က ကိုးရီးယားရိုးရာအသက်တွက်ချက်ပုံကိုသာအသုံးပြုခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ နိုင်ငံတကာ အသက်တွက်ချက်ပုံကိုသာ စတင်ပြောင်းလဲကျင့်သုံးခဲ့တာဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတဲ့ တောင်ကိုးရီးယားအနေနဲ့ ကျန်ရှိသော ကိစ္စရပ်များမှာပြောင်းလဲနိုင်ခဲ့ပေမဲ့ အသက်တွက်ချက်မှုမှာတော့ ယနေ့တိုင်ရှေးရိုးဆန်နေဆဲပဲဖြစ်ပါတယ်။
တောင်ကိုးရီးယားရှိ ပြည်သူများအနေနဲ့ အသက်တွက်ချက်မှုကို နိုင်ငံတကားနည်းအတိုင်း ပြောင်းလဲပေးဖို့ တောင်းဆိုနေကြပါတယ်။ “နိုင်ငံတကာ တွက်ချက်ပုံအရဆိုရင် ငါလဲအသက်တစ်နှစ်ပိုငယ်နိုင်တယ်” ဆိုတာမျိုးတွေပြောလာကြပါတယ်။ သင်ရော ကိုးရီးယားရိုးရာ အသက်တွက်ချက်မှုကို ဘယ်လိုထင်ပါသလဲ?
(ပိုပိုလေး)