1. Home
  2. Movie Stars - Celebrity

Arthdal Chronicles ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်တော့မယ့် Nichkhun နဲ့ Jisoo

Movie Stars - Celebrity มิ.ย. 11, 2562 view 1,714

နာမည်ကျော် သရုပ်ဆောင် ဂျန်ဒေါင်ဂန်၊ ဆောင်းဂျွန်ကီ၊ ကင်မ်ဂျီဝန် တို့ပါဝင်တဲ့ Arthdal Chronicles ဇာတ်လမ်းတွဲဟာဆိုရင် tvN ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေပြီပဲဖြစ်ပါတယ်။ ဒီကားဟာ မင်းသား ဆောင်းဂျွန်ကီရဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်း ပထမဦးဆုံး ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီလို နာမည်ကျော်တွေ ပါဝင်တဲ့ Arthdal Chronicles ဇာတ်ကားမှာ 2PM အဖွဲ့မှ Nichkhun နဲ့ Blackpink  အဖွဲ့မှ Jisoo တို့ဘယ်လိုပါဝင်ဖြစ်သွားတယ်ဆိုတဲ့ အကြောင်းအရင်းကို သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Nichkhun ရဲ့အေဂျင်စီ JYP Entertainment မှ Nichkhun တစ်ယောက် Arthdal Chronicles မှာ ပါဝင်သွားမည်ဖြစ်ကြောင်းအတိအလင်းကြေညာလိုက်ပါတယ်။ ဒါဟာ Nichkhun အတွက် ပထမဦးဆုံးရိုက်ကူးရမယ့် ကိုးရီးယားဇာတ်လမ်းတွဲပါပဲ။ Nichkhun ဟာထိုင်းလူမျိုးဖြစ်တဲ့အလျောက် ထိုင်းရုပ်ရှင်ကားများနဲ့ တရုတ်ကားတွေသာ ရိုက်ကူးလေ့ရှိပြီး ကိုးရီးယားကားတော့ ရိုက်ကူးခြင်းမျိုးမရှိသေးပါဘူး။

Nichkhun နည်းတူ နောက်ထပ် Arthdal Chronicles မှာပါဝင်မယ့် အိုက်ဒေါအဆိုတော်ကတော့ Blackpink အဖွဲ့မှ Jisoo ဖြစ်ပြီး သူမဟာ KBS2 မှထုတ်လွှင့်ပြသခဲ့တဲ့ Producers ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။ Arthdal Chronicles ကတော့ဧည့်သည်သရုပ်ဆောင်အနေနဲ့ သူမပါဝင်ရမယ့်  ဒုတိယမြောက်ဇာတ်ကားတစ်ကားပါ။

ဒီကားမှာ Jisoo ဟာဇာတ်လမ်းရဲ့ အလယ်နဲ့ ဇာတ်သိမ်းပိုင်းမှာပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။

(ပိုပိုလေး)

 



Follow us on