1. Home
  2. Special or Others

အမျိုးသမီးများရာသီပန်းပွင့်ချိန်မှာ စိတ်ချလက်ချဝတ်နိုင်မယ့် အတွင်းခံမိတ်ဆက်

Special or Others มิ.ย. 11, 2562 view 1,708
အင်္ဂလန်နိုင်ငံမှ အဝတ်အစားဒီဇိုင်း တက္ကသိုလ်ကျောင်းသူတစ်ဦးက လစဉ်အမျိုးသမီးများ ကြုံတွေ့နေရတဲ့ ဓမ္မတာလာချိန်မှာ အတွင်းခံဝတ်ရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပြီး လုံခြုံစိတ်ချစွာ ဝတ်ဆင်နိုင်တဲ့ ဒီဇိုင်းလှလှ အမျိုးသမီးအတွင်းခံ တစ်မျိုးကို ဖန်တီးအောင်မြင်ခဲ့ပါတယ်။
 
 
အသက် ၂၁ နှစ်အရွယ် Sian Hickey ဟာ အင်္ဂလန်နိုင်ငံ Leicester de Montfort University မှာ ဒီဇိုင်းဘာသာရပ် သင်ယူနေပြီး ဘွဲရဖို့ သူမရဲ့ နောက်ဆုံးဖိုင်နယ် ပရော့ဂျက်အတွက် ဒီအတွင်းခံကို တီထွင်ဖန်းတီးခဲ့တာဖြစ်ပါတယ်။
 
 
အတွင်းခံရဲ့ ဒီဇိုင်းဟာ အခြားဆက်စီကျကျ အတွင်းခံတွေနဲ့ ဆင်တူပေမယ့် အမျိုးသမီးများ ဓမ္မတာလာချိန်မှာ လုံခြုံစိတ်ချရပြီး ယိုစိမ့်မှု မရှိစေရန် တီထွင်ထားတာဖြစ်ပါတယ်။ အဆိုအပါအတွင်းခံ ဝတ်လိုက်ရုံနဲ့ အခြားမည့်သည့် အမျိုးသမီးလစဉ်သုံး ပစ္စည်းများ ခုခံနေစရာမလိုပဲ တိုက်ရိုက် ဝတ်ဆင်နိုင်ပါတယ်။ အတွင်းခံရဲ့ အတွင်းပိုင်းမှာ စုပ်ယူမှုအားကောင်းတဲ့ အရာတွေနဲ့ ချုပ်လုပ်ထားပြီး သွေးအတုနဲ့လည်း စမ်းသပ်ထားပြီးဖြစ်ပါတယ်။
 
 
ဒီအတွင်းခံဟာ တစ်ခါသုံးမဟုတ်ပဲ ပြန်လျှော်ပြီး အနည်းဆုံး ၁၈ လာကြာထိ အဖန်တစ်လဲလဲ ပြန်လည် ဝတ်ဆင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အမျိုးသမီးများ ဓမ္မတာချိန်မှာတောင် အခြားပုံမှန်အချိန်တွေလို ယုံကြည်စိတ်ချမှုရှိစွာနဲ့ စိုးရိမ်စိတ်မရှိပဲ လှလှပပ ဝတ်ဆင်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
 
 
သူမနဲ့ သူငယ်ချင်းတွေက စမ်းသပ်ဝတ်ဆင်ခဲ့ပြီးဖြစ်သလို အဆိုပါအတွင်းခံကို ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ Contour Fashion Show မှာလည်း မော်ဒယ်တွေနဲ့ ပွဲထုတ်ခဲ့ပြီးဖြစ်ပါတယ်။ လတ်တလောမှာတော့ Freedom4Girls ကနေတစ်ဆင့် အများအပြား ထုတ်လုပ်နိုင်အောင် ရံပုံငွေရှာဖွေလျှက်ရှိပါတယ်။


Follow us on