1. Home
  2. Special or Others

ပါရမီထူးတဲ့ အသက် ၆ နှစ်အရွယ် ဆံပင်ဒီဇိုင်းပညာရှင် နာမည်ကြီးနေ (ရုပ်သံ)

Special or Others มิ.ย. 11, 2562 view 1,566
တရုတ်နိုင်ငံက အသက် ၆ နှစ်အရွယ် “ဂျန်ဟောင်းကီ” ဆိုသူ ကလေးလေးရဲ့ ဆံပင်ဒီဇိုင်း ဖန်တီးမှု ရုပ်သံတွေ အွန်လိုင်းပေါ်မှာ လတ်တလော အလွန်နာမည်ကြီးနေပါတယ်။ 
 
“ဂျန်ဟောင်းကီ” ရဲ့ မိဘတွေဟာ စီချွမ်းမြို့မှာ ဆံပင်ညှပ်ဆိုင်ဖွင့်ထားသူတွေပါတယ်။ ကလေးကို အသက် ၄ နှစ်အရွယ်လောက်ကစပြီး မိဘတွေက ဆိုင်ကိုခေါ်လာခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက “ဂျန်ဟောင်းကီ” ဟာ သူ့မိဘတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို အမြင်နဲ့ စတင်မှတ်သားခဲ့ပါတယ်။
 
 
နဲနဲကြီးလာတော့ ဆံပင်ညှပ်ဆိုင်မှာ လာတဲ့သူတွေကို ခေါင်းလျှော်ပေးတာ စသည်ဖြင့် အလုပ်လေးတွေဝိုင်းကူပေးခဲ့ပါတယ်။ တစ်ရက်တော့ ဆံပင်လာညှပ်သူတစ်ယောက်ကို သူကညှပ်ပေးမယ်လို့ ပြောတဲ့အခါ ဆံပင်ညှပ်ဖို့လာတဲ့သူကလည်း ယုံယုံကြည်ကြည်နဲ့ ညှပ်ခွင့်ပြုလိုက်ရာကစလို့ ဆံပင်စတိုင်ဖန်တီးတဲ့ သူ့ရဲ့ ပါရမီတွေ အစွမ်းပြခွင့်ရခဲ့ပါတယ်။
 
 
အခုဆိုရင် သူ့ရဲ့ အစွမ်းအစကိုယုံကြည်လို့ ဆံပင်လာညှပ်သူတွေနဲ့ လက်မလည်အောင် ဖြစ်နေပါတယ်။ ဒါ့အပြင် အသက်ကြီးတဲ့ အဘိုးအဖွားတွေကိုလည်း ကုသိုလ်ဖြစ် အိမ်တိုင်ရာရောက် ဆံပင်လိုက်ညှပ်ပေးနေတာကို ရုပ်သံတွေမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။
 
 
“ဂျန်ဟောင်းကီ” ဟာ တရုတ် ရုပ်သံကွန်ယက်ဖြစ်တဲ့ Kuaishou မှာ ဖော်လိုဝါ တစ်သန်းလောက်ရှိနေပြီး လတ်တလော နာမည်အကြီဂဆုံးနဲ့ အသက် အငယ်ဆုံး Hair Stylist တစ်ယောက်ဖြစ်နေပါတယ်။
 
 


Follow us on