1. Home
  2. Movie Stars - Celebrity

ရက်(၂၀) အတွင်းအမြန်ဆုံး ဝိတ်ကျစေတဲ့ နည်းလမ်းကိုပြောပြလိုက်တဲ့ ဂျောင်အီဝူး

Movie Stars - Celebrity มิ.ย. 12, 2562 view 2,210

တောင်ကိုးရီးယားနိုင်ငံ၊ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ ဂျောင်အီဝူးဟာဆိုရင် နှုတ်ခမ်းနီမလေးတွေအသည်းစွဲဖြစ်နေတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ဂျောင်အီဝူးဟာ စစ်မှုထမ်းကာလပြီးဆုံးတာ သိပ်မကြာသေးပါဘူး။ စစ်မှုထမ်းနေစဉ်ကာလအတွင်း ဝိတ်တွေအဆမတန်တက်ခဲ့တာကြောင့် တာဝန်ပြီးဆုံးတဲ့အချိန် အလျင်စလို ဝိတ်ချခဲ့ရကြောင်း Showbiz tonight အစီအစဉ်မှာပြောကြားလာပါတယ်။ ဂျောင်အီဝူးဟာ စစ်မှုထမ်းပြီးပြီးချင်း Haechi ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ရတာဖြစ်လို့ အလျင်အမြန်ဝိတ်ချခဲ့ရတာပါ။ ရက်(၂၀) အတွင်း ပေါင်ချိန်(၂၉) ပေါင်ကျအောင် ဂျောင်အီဝူးတစ်ယောက် ဘယ်လိုနည်းလမ်းတွေကျင့်သုံးခဲ့တယ်ဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဂျောင်အီဝူးဟာ စစ်မှုထမ်းခြင်း တာဝန်ပြီးဆုံးပြီးနောက် Haechi ဇာတ်ကားမှာအဓိက ဇာတ်ကောင်အဖြစ်ပါဝင်ဖို့ အလျင်အမြန်ဝိတ်ချခဲ့ရတာဖြစ်ပါတယ်။ သူ့ဝိတ်ချနည်းကတော့ မနက်စောစောထပြီး ဘာမှမစားပဲ လေ့ကျင့်ခန်းအရင်လုပ်တာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးနောက်မှာတော့ ဂျောင်အီဝူးဟာ နေ့လည်စာကို ကြက်ရင်အုပ်သားနဲ့ ကန်စွန်းဥကိုသာ စွဲစွဲမြဲမြဲစားဖြစ်ကြောင်း အင်တာဗျူးမှာပြောကြားသွားပါတယ်။ ဒီနည်းလမ်းကို ရက် (၂၀) တိတိကျင့်သုံးခဲ့ရာက ၂၉ ပေါင်အလျင်အမြန်ကျသွားကြောင်း ပြောပြလာပါတယ်။

ပရိတ်သတ်ကြီးထဲမှာလဲ ဂျောင်အီဝူးလို အမြန်ဝိတ်ကျချင်တယ်ဆိုရင် ဒီနည်းလမ်းကို ကျင့်သုံးလို့ ရပါတယ်နော်။

(ပိုပိုလေး)

 



Follow us on