1. Home
  2. Movie Stars - Celebrity

သေးသွယ်တဲ့ ပုရွက်ဆိတ်ခါးလေးကို လစ်ခနဲဖော်ပြလိုက်တဲ့ Lisa ပုံရိပ်များ

Movie Stars - Celebrity มิ.ย. 12, 2562 view 1,896

တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးကေပေါ့ပ်အဆိုတော်အဖွဲ့ Blackpink မှအဖွဲ့ဝင် Lisa ဟာဆိုရင် အဖွဲ့မှာ main dancer တစ်ဦးဖြစ်ပြီး သူမခန္ဓာကိုယ်အချိုးအစားကလဲ အပြစ်ပြောစရာတစ်ကွက်မှမရှိအောင် ပြေပြစ်နေတာကိုတွေ့ရမှာပါ။ Lisa ဟာလတ်တလော ပြည်ပဖျော်ဖြေပွဲတွေသွားရင်း လေဆိပ်မှာ သူမရဲ့ သေးသွယ်လှပတဲ့ ခါးအလှကို ဖော်ကြူးဝတ်ဆင်လာပါတယ်။ Lisa ရဲ့ ကျန်ရှိတဲ့ လေဆိပ်မှ ဝတ်စားဆင်ယင်ပုံတွေက ဘယ်လိုဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Lisa ရဲ့ မကာအိုမြို့ဖျော်ဖြေပွဲအပြီး ပြန်အလာ လေဆိပ်မှာ ဝတ်စားလာတဲ့ ဖက်ရှင်ကြောင့် ပရိတ်သတ်အများ အံ့အားသင့်ခဲ့ကြပါတယ်။ Lisa ဟာ crop top အင်္ကျီနဲ့ ဂျင်းဘောင်းဘီအပွကို စမတ်ကျကျဝတ်ဆင်ထားပြီး သူမရဲ့ သေးသိမ်တဲ့ ပုရွက်ဆိတ်ခါးအလှကို ဖော်ပြဝတ်ဆင်ထားပါတယ်။

အစကတည်းက ချစ်ဖို့ကောင်းတဲ့ အမူအရာတွေနဲ့ တော်လွန်းလှတဲ့ သူမ talents တွေကြောင့် Lisa ကို ပရိတ်သတ်တွေ ရူးသွပ်နေကြတာပါ။ အခုလို သူမရဲ့ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်မှုကို လစ်ခနဲ ပြသလိုက်တာဟာ ပရိတ်သတ်တွေ သူမကို အရင်ကထက် ပိုပိုပြီး ရူးသွပ်လာစေမှာပါ။

Lisa ဟာ လေဆိပ်မှာ သူမကိုယ်ပိုင် ကင်မရာနဲ့ ပရိတ်သတ်တွေကို ဓာတ်ပုံများရိုက်ကူးခဲ့ပါသေးတယ်။

Blackpink အဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် လေဆိပ်မှ ထွက်ခွာသွားပြီးနောက်မှာတော့ အွန်လိုင်းပေါ်မှာ Lisa ရဲ့ လေဆိပ် ဖက်ရှင်အလှဟာ အသက်ရှူမှားလောက်အောင် လှလွန်းနေကြောင်း တွစ်တာမှာ ပုံများတက်လာကြပါတယ်။ အသက်ရှူမှားလောက်အောင်လှတဲ့ Lisa လေးကိုချစ်တယ်ဆိုရင် like&share လုပ်ဖို့လဲ မမေ့ပါနဲ့နော်။

(ပိုပိုလေး)



Follow us on