တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်ကေပေါ့ပ်အဆိုတော်အဖွဲ့ Blackpink ဟာဆိုရင် အာရှနိုင်ငံများမှာသာမက အနောက်နိုင်ငံတွေအထိ အောင်မြင်တဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ Jennie,Lisa, Jisoo, Rose’ ဆိုတဲ့ကောင်မလေး (၄) ယောက်ဟာ ပွဲဦးထွက်သီချင်း Boombayah မှာကတည်းက အခိုင်အမာပရိတ်သတ်ရရှိထားပြီးဖြစ်ပါတယ်။ပရိတ်သတ်ကြီးချစ်တဲ့ Blackpink အဖွဲ့ရဲ့ stage mix များနဲ့ မိတ်ဆက်ပေးပါရစေ။ Stage Mix ဆိုတာကတော့ တူညီတဲ့ သီချင်းတစ်ပုဒ်ကို မတူညီတဲ့ ရှိုးပွဲတွေမှာသီဆိုထားတဲ့ပုံစံဖြင့် တစ်ပုဒ်ထဲဖြစ်အောင် ရောနှောလိုက်ခြင်းပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီး အကြိုက်တွေ့စေမယ့် blackpink ရဲ့ Stage Mix သီချင်းဗွီဒီယိုတွေက ဘယ်လိုဖြစ်မလဲဆိုတာသိရှိဖို့ ဆက်လက်ကြည့်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဒီသီချင်းလေးကတော့ blackpink ထွက်ရှိထားတဲ့ ဒုတိယမြောက် အယ်လ်ဘမ်ထဲက သီချင်းလေးပါ။ သူ့ရဲ့ stage mix ဗွီဒီယိုကို ကြည့်ရှုခံစားပြီး ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
As if it’s your last သီချင်းကတော့ Blackpink ရဲ့ တတိယမြောက်ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ထဲမှ title song ပဲဖြစ်ပါတယ်။ ဒီသီချင်းရဲ့ Stgae Mix ကိုလဲ ပရိတ်သတ် အကြိုက်တွေ့စေမယ်ထင်ပါတယ်။
Forever young ကတော့ (၄) ကြိမ်မြောက်ထွက်ရှိထားတဲ့ အယ်လ်ဘမ်ထဲက သီချင်းပါ။ ဒီသီချင်းရဲ့ Stage Mix ကိုလဲ ပရိတ်သတ်ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ဒီသီချင်းကတော့ (၄) ကြိမ်မြောက်ထွက်ရှိထားတဲ့ အယ်လ်ဘမ်ရဲ့ title song လေးပါ။
Don’t know what to do သီချင်းကတော့ (၅) ကြိမ်မြောက် Kill This Love အယ်လ်ဘမ်မှာပါဝင်တဲ့ သီချင်းလေးပါ။ ဒီသီချင်းရဲ့ stage mix ကိုလဲ ကြည့်ရှုခံစားကြည့်လိုက်ပါဦး။
Kill This Love သီချင်းကတော့ အခုနောက်ဆုံးထွက်ရှိတဲ့ အယ်လ်ဘမ်ထဲက ပေါ်ပြူလာအဖြစ်ဆုံး title song လေးပဲဖြစ်ပါတယ်။
အခုလို လူကြိုက်များနေတဲ့ Blackpink အဖွဲ့ရဲ့ Stage mix သီချင်းလေးတွေကို Blinks လေးတွေ ကြိုက်နှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။
(ပိုပိုလေး)