1. Home
  2. Special or Others

မန်ယူ ရှုံးပွဲနဲ့ ကြုံ၊

Special or Others ส.ค. 31, 2558 view 2,225

ကစားရခက်တဲ့ ဆွမ်ဆီးကွင်းမှာ မန်ချက်စတာယူနိုက်တက် တို့ ပထမပိုင်းမှာ ခြေစွမ်းအသာ၊ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့သလို ဒုတိယပိုင်း ၄၆ မိနစ်မှာ မာတာရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုရီးယား ကွင်းလယ်ကစားသမား ကီဆွန်ယွန်း ၀င်လာပြီးနောက်ပိုင်း ဆွမ်ဆီးကစားပုံ ပိုကောင်းခဲ့ပြီး ရူနီရဲ့ အမှားကနေ တစ်ဆင့် ဆွမ်ဆီး ချေပဂိုးရခဲ့ပါ တယ်။ ၆၁ မိနစ်မှာ တိုက်စစ်မှူး အေယူ ခေါင်းတိုက်ချေပဂိုး သွင်းခဲ့တာဖြစ်ပြီး ၆၆ မိနစ်မှာ ဂိုမစ်က ဧရိယာထဲမှာ မြေလှိမ့်ဘောကန်ပြီး အနိုင်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ အခုတော့ မန်ယူ ၄ ပွဲကစား ၂ ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ၇ မှတ်နဲ့ အမှတ်ပေးဇယားမှာ အဆင့် ငါးနေရာမှာ ရှိနေပါတယ်။



Follow us on