1. Home
  2. Movie Stars - Celebrity

B.I မပါဘဲ အဖွဲ့ဝင် (၆) ဦးနဲ့ Ikon ကို ဆက်လက်ရပ်တည်သွားမည်ဟု YG ပြောကြား

Movie Stars - Celebrity มิ.ย. 13, 2562 view 1,489

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် ကေပေါ့ပ်အဆိုတော်အဖွဲ့ Ikon အဖွဲ့ခေါင်းဆောင် B.I ဟာ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူနဲ့ ဆက်စပ်မိကြောင်း ယမန်နေ့က သူ၏လူမှုကွန်ယက် အင်စတာဂရမ်မှ တစ်ဆင့်ဝန်ခံသွားခဲ့ပြီး အဖွဲ့မှ ထွက်ခွာမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး Ikon ရဲ့ အေဂျင်စီ YG Entertainment ကနေ B.I နှင့်ချုပ်ထားသော စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာပါတယ်။ နောက်ပိုင်း အဖွဲ့ဝင် ၆ ယောက်နဲ့ Ikon အဖွဲ့ကို ဆက်လက်တည်ရှိစေမှာဖြစ်ပြီး လာမယ့် ဖျော်ဖြေရေးအစီအစဉ်တွေကို B.I မပါဘဲ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားလာပါတယ်။ B.I မပါဘဲ ဆက်လက်ကျင်းပမယ့် ဖျော်ဖြေပွဲက ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Ikon ဟာ လာမယ့် ဇူလိုင် ၂၇၊ ဂျပန်နိုင်ငံရှိ Fukuoka မြို့မှာ ဖျော်ဖြေပွဲ Concert ကျင်းပသွားမှာဖြစ်ပါတယ်။ YG Entertainment မှ B.I ကို အဖွဲ့မှထုတ်ပယ်ကြောင်း ကြေညာပြီးနောက် Ikon ဟာ လာမယ့်ဖျော်ဖြေပွဲတွေမှာ Bobby, Jun hoe, Jin hwan, Yunhyeong, Donghyunk, Chanwoo အစရှိတဲ့ ကျန်ရှိတဲ့ အဖွဲ့ဝင် ၆ ယောက်ဖြင့်သာ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာပါတယ်။ ပထမဦးဆုံး ဖျော်ဖြေရမှာကတော့ Fukuoka concert ဖြစ်ပြီး အဆိုပါ ဖျော်ဖြေပွဲကစလို့ အဖွဲ့ဝင် ၆ ယောက်အနေနဲ့ စတင်မယ်လို့ သိရပါတယ်။

Ikon ဟာ ၂၀၁၉ စက်တင်ဘာ ၁၆ ရက်အထိ မြို့ (၆) မြို့မှာ ဖျော်ဖြေပွဲ ၁၄ ခုကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဖြစ်ပျက်ခဲ့တာတွေအတွက် တောင်းပန်ကြောင်းကို YG Entertainment မှ ထုတ်ပြန်ကြေညာသွားပါတယ်။

(ပိုပိုလေး)

 



Follow us on