ကမ္ဘာ့ဂီတရပ်ဝန်းမှာ သြဇာကြီးမားပြီး နာမည်ကျော် ဂီတဆုပေးပွဲတစ်ခုဖြစ်တဲ့ MTV ဂီတဗီဒီယို ဆုပေးပွဲ (2015 MTV Video Music Awards) ကို တနင်္ဂနွေနေ့ ညမှာ အမေရိကန်နိုင်ငံ လော့အင်ဂျလိစ်မြို့က မိုက်ခရိုဆော့ဖ်ကဇာတ်ရုံမှာ ကျင်းပသွားတော့မှာပါ။ ဂီတဆုပေးပွဲနဲ့အတူ တွဲရက်သား သိထားကြတာကတော့ နာမည်ကြီးအဆိုတော်များရဲ့ သူ့ထက်ငါအပြိုင် ထွင်ထားတဲ့ ဖျော်ဖြေတင်ဆက်မှုများဘဲ ဖြစ်ပါတယ်။
အမြဲတမ်း ထူးထူးဆန်းဆန်းတွေလုပ်ပြတတ်လို့ ပရိသတ်တွေ အာရုံစိုက်ခံရတဲ့ မိုင်လေဆိုင်းရပ်က အခုနှစ် ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်မှာဖြစ်လို့လည်း လူတွေ ပိုစိတ်ဝင်စားနေကြပါတယ်။ ဒီနှစ်ဆုပေးပွဲမှာ ကြိုတင်ထွက်ရှိထားတဲ့ ဆန်ကာတင်ဂီတဗီဒီယိုနဲ့ အဆိုတော်စာရင်းမှာ ထိပ်ဆုံးကပြေးနေသူကတော့ တေလာဆွဇ် ဖြစ်ပြီး ဆန်ကာတင်စာရင်း ၉နေရာမှာပါဝင်ပါတယ်။ သူ့နောက်မှာ လိုက်သူကတော့ ၆နေရာနဲ့ အက်ဒ်ရှီယန် ဖြစ်ပါတယ်။
#7day News Journal