1. Home
  2. Special or Others

လေးစားအတုယူစရာ အသက် ၇၅ နှစ်အရွယ် ဖိလစ်ပိုင်တက္ကသိုလ်ကျောင်းသား

Special or Others มิ.ย. 14, 2562 view 1,499
ဖိလစ်ပိုင်နိုင်ငံ Dagupan City ရှိ PHINMA တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ပညာသင်ကြားနေတဲ့ အသက် ၇၅ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားကြီးရဲ့ အကြောင်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပြီး စိတ်ဝင်စားမှု များပြားနေပါတယ်။
 
ဇွန်လ ၁၀ ရက် တနင်္လာနေ့မှာ Christian Monses ဆိုသူက သူ့ရဲ့ ဖေ့စ်ဘွခ်ပေါ်ကနေ ဓါတ်ပုံနဲ့တကွ ရေးသားဖော်ပြခဲ့ရာကနေ ပျံနှံ့ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အတန်းဖော် တက္ကသိုလ်ကျောင်းသားကြီးရဲ့ အမည်က “Benjamin Naoe” ဖြစ်ပြီး သူဟာ လူငယ်တစ်ယောက်လိုပဲ လျှင်မြန်ဖျတ်လတ်စွာနဲ့ သုံးထပ်ကျောင်းဆောင် လှေကားပေါ်တွေကို ခုန်ကျော်တက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
 
ကျောင်းတက်ရက်ပထမဆုံးနေ့ လို့ ခေါင်းစဉ်တပ်ထားတဲ့ သူ့ရဲ့ပို့စ်မှာတော့ “ဘွဲ့ရဖို့အတွက် အသက်က အရေးမကြီးပါဘူး။ ရည်မှန်းချက်ပန်းတိုင် နောက်တစ်ခု၊ အိမ်မက်တစ်ခုကနေ တစ်ခုကို သွားဖို့ အိုသွားပြီ ဆိုတာမရှိပါဘူး” လို့ ရေးသားထားပြီး ကျောင်းသားကြီးကို အတုယူကြဖို့ ဖိလစ်ပိုင်ဘာသာနဲ့ ရေးသားခဲ့ပါတယ်။
 
အဆိုပါ ပိုစ့်အောက်မှာ မှတ်ချက်ရေးသားသူ ရာပေါင်းများစွာရှိပြီး ပြန်လည် မျှဝေသူလည်း ထောင်နဲ့ချီပြီးရှိနေပါတယ်။ “ပညာလို အိုသည်မရှိ” လို့ ရှေးမြန်မာပညာရှိတွေက စကားချန်ထားခဲ့ပေမယ့် ယနေ့ခေတ် မြန်မာလူမှုအသိုင်းအဝိုင်းမှာတော့ အိုရင်ပယ်တဲ့ ‘အိုပယ်’ စနစ်ခေတ်စားနေပြီး  ‘ဒီအသက်အရွယ်ကြီးကျမှ..’ အစချီပြီး အသက်အတော်တန်ရလာမှ အခြားပညာရပ်တွေကို လူငယ်တွေနဲ့အတူ ဆည်းပူးမိတဲ့အခါတိုင်း အထူးအဆန်းကြီးလို မြင်နေကြတဲ့ အမြင်မျိုးတွေ ပပျောက်စေချင်ပါတယ်။ 
 
 


Follow us on