1. Home
  2. Special or Others

အာဆီယံ လမ်းမကြီး၏ တစိတ်တဒေသဖြစ်သည့် မြ၀တီ - ကော့က ရိတ် လမ်းပိုင်းဖွင့်ပွဲ

Special or Others ส.ค. 31, 2558 view 1,788

ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အာဆီယံ လမ်းမကြီး၏ တစိတ်တဒေသဖြစ်သည့် မြ၀တီ - ကော့က ရိတ် လမ်းပိုင်းကို မြ၀တီမြို့နှင့် ၁၅ မိုင်ခန့်အကွာ လမ်းပိုင်းတနေရာတွင် ယခုလ ၃၀ ရက် နံနက်ပိုင်းက ဖွင့်လှစ် ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းအာရှ လမ်းမသစ် ဖွင့်လှစ်ရာတွင် မြန်မာ အစိုးရဘက်မှ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်ခဲ့ပြီး ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ် ဂျော်နီတို့လည်း တက်ရောက်ခဲ့သည်။

ထိုင်းနိုင်ငံဘက်မှ ဒုတိယ ၀န်ကြီးချုပ် Dr.Somkid Jatusripitak နှင့် ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေး ၀န်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် Mr.Chusak Gaywee တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခု ဖွင့်လှစ်သည် လမ်းပိုင်းကို တာဝန်ယူ ဖောက်လုပ်ပေးသည့် ထိုင်းနိုင်ငံ See Sang Co.,Ltd ဥက္ကဋ္ဌက မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးထံသို့ လမ်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

ထိုနောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ကုန်သွယ်မှု တံတားအမှတ် (၂) တစင်း ဆောက်လုပ်ရန် အတွက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်တို့ အဆိုပါ နေရာသို့ သွားရောက် ကြည့်ရှုကာ တံတား စတင်ဆောက်လုပ်မည့် ပန္နက်တင် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။မြ၀တီ အခြေစိုက် သတင်းထောက် မင်းခန့်ပိုင် ပေးပို့သည်။

 



Follow us on