1. Home
  2. Movie Stars - Celebrity

နားထောင်ရင်း ကြက်သီးတွေပါထခဲ့ရတဲ့ Hazel ရဲ့ Final Show ည ယှဉ်ပြိုင်ခဲ့မှု

Movie Stars - Celebrity มิ.ย. 17, 2562 view 1,533

ယခုနောက်ပိုင်း မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံး သီချင်းဆိုပြိုင်ပွဲတွေထဲကတစ်ခုဖြစ်လာတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးကတော့ ပရိသတ်တွေရဲ့စိတ်ဝင်တစားစောင့်ကြည့်ခြင်းခံရတဲ့အစီအစဉ်တစ်ခုဖြစ်ပြီး အရည်အချင်းပြည့်မီတဲ့ဂီတ၀ါသနာရှင်တွေ တွေ့ဆုံရာသီချင်းဆိုပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်ပါတယ်။ Season 1 မှာကတည်းက အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ The Voice Myanmar ရဲ့ Season 2 သီချင်းဆိုပြိုင်ပွဲကြီးကလည်း မနေ့ညမှာပဲပြီးဆုံးသွားခဲ့ပါပြီ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

Team အသီသီးမှာ အတော်ဆုံး၊ အကောင်းဆုံးသူတွေအဖြစ် ကျန်ရစ်ခဲ့တဲ့ ပြိုင်ပွဲဝင်လေးဦးကတော့ မနေ့ညမှာကျင်းပခဲ့တဲ့ Grand Fianl Live Show မှာ အကောင်းဆုံးပြိုင်ဆိုင်သီဆိုခဲ့ကြပါတယ်။ ထိုထဲမှာတော့ Team NiNi အဖွဲ့ကပြိုင်ပွဲဝင်ဖြစ်တဲ့ Hazel ရဲ့သီဆိုယှဉ်ပြိုင်မှုကတော့ ကြည့်ရှုသူပရိသတ်အပေါင်းကို အံသြစေခဲ့ပြီး အတိုင်းမသိဖမ်းစားနိုင်ခဲ့ပါတယ်။

Hazel ကတော့ အများနဲ့မတူပဲ တာဝန်ကြီးလေးတဲ့ မြန်မာသံစဉ်သီချင်းကိုမှ ရွေးချယ်သီဆိုခဲ့ကာ နောက်ခံတေးဂီတ၊ စည်းချက်တွေနဲ့အညီ အားမာန်အပြည့်နဲ့ သီဆိုယှဉ်ပြိုင်ခဲ့မှုက The Voice Myanmar ကိုကြည့်ရှုနေကြတဲ့ ပရိသတ်အပေါင်းကို ကျက်သီးများတဖြန်းဖြန်းထစေလောက်တဲ့ထိ Hazel ရဲ့သီဆိုယှဉ်ပြိုင်မှုက အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတယ်လို့တောင် ထင်ရက်စရာမရှိအောင် Hazel ရဲ့သီဆိုဖျော်ဖြေမှုအောက်မှာ အကုန်လုံးကစိတ်ဝင်တစားနဲ့ လိုက်ပါစီးမျောခဲ့ကြရတာဖြစ်ပြီး Hazel အပေါ်ဒိုင်တွေရဲ့ မှတ်ချက်ပေးမှုကလည်း အကောင်းဆုံးဖြစ်ခဲ့ပြန်ပါတယ်။ ပရိသတ်များစွာက Hazel ကို Winner ဖြစ်ဖို့တောင်မျှော်မှန်းခဲ့ကြပေမယ့်လည်း ကံတရားရဲ့လွဲချော်မှုအရတော့ Winner ဆုကြီးနဲ့ဝေးကွာခဲ့ရပါတယ်။ The Voice Myanmar ရဲ့ winner တစ်ယောက်မဖြစ်ခဲ့ပေမယ့်လည်း Final show ညမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ကြက်သီးတဖြန်းဖြန်းထစရာ Hazel ရဲ့သီဆိုယှဉ်ပြိုင်မှုကြီးကို ပြန်လည်ခံစားနိုင်ဖို့ ဗီဒီယိုကိုပါဖော်ပြပေးလိုက်ပါတယ်။

ဂီတသံတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ Hazel သီဆိုထားတဲ့ “တစ်ကျော့နှစ်ကျော့ တေးကိုသီ” သီချင်းလေးကို ပြန်လည်ခံစားကြည့်လိုက်ကြပါဦး ပရိသတ်ကြီးရေ….



Follow us on