1. Home
  2. Movie Stars - Celebrity

စစ်မှုထမ်းနေစဉ်ကာလအတွင်း ဘက်လိုက်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံလိုက်ရတဲ့ Siwan

Movie Stars - Celebrity มิ.ย. 18, 2562 view 1,545

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Siwan ဟာ အသက် ၁၉ နှစ်မှ ၃၀ အတွင်း စစ်မှုမထမ်းမနေရ ဥပဒေအရ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က စတင်စစ်မှုထမ်းခဲ့ပါတယ်။ Siwan ဟာ ပြီးခဲ့တဲ့ မတ်လမှာ စစ်မှုထမ်းခြင်းအမှုပြီးဆုံးခဲ့ပြီး အခုဆိုရင် ဒရာမာဇာတ်လမ်းတွဲအသစ် စတင်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ စစ်မှုထမ်းခြင်းပြီးဆုံးသွားပေမဲ့ Siwan တစ်ယောက် စစ်မှုထမ်းနေစဉ်မှာ သာမန်အမှုထမ်းသူများထက်ပိုပြီး အခွင့်အရေးတွေ ပိုမိုရရှိနေကြောင်း ထုတ်ဖော်ပြောကြားသူတွေရှိ လာပါတယ်။ Siwan တစ်ယောက် စစ်မှုထမ်းနေစဉ်ကာလ အတွင်း ဘယ်လို အခွင့်အရေးမျိုးရရှိခဲ့တယ်ဆိုတာ သိရှိဖို့ ပထမဆုံးကော်မန့်မှာ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

တောင်ကိုးရီးယားနိုင်ငံ စစ်မှုထမ်းခြင်း ဥပဒေအရ စစ်မှုထမ်းသူ စစ်သားတစ်ဦးတစ်ယောက်ချင်းစီတိုင်း ပြင်ပကိုထွက်ခွင့်၊ အိမ်ပြန်နားလို့ရမယ့်ရက် ၁၂၃ ရက်ရရှိမှာဖြစ်ပါတယ်။ Siwan ဟာ တခြား သာမန် စစ်သားများထက်ကျော်လွန်ပြီး ၁၂၃ ရက်ထက်ပိုတဲ့ ခွင့်ရက်ကို ရရှိခဲ့တာကြောင့် သာမန်စစ်သားများ မကျေနပ်ခဲ့ကြပါဘူး။ Siwan ဟာ အနုပညာရှင်အသိုင်းအဝိုင်းက နာမည်ကြီး သရုပ်ဆောင်တစ်ဦးဖြစ်တာကြောင့် အထက်အရာရှိတွေရဲ့ အရေးပေး ဘက်လိုက်မှုကို ရရှိတယ်ဆိုပြီး သတင်းများထွက်လာပါတယ်။

ဒီကိစ္စနဲ့ စပ်လျဉ်းပြီး Siwan ရဲ့ အေဂျင်စီက “Siwan တခြားသာမန် အမှုထမ်းတွေထက် ခွင့်ရက်ပိုရရှိတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဘက်လိုက်တဲ့ ကိစ္စမျိုးလဲမဟုတ်သလို Siwan အနေနဲ့ မတရားသဖြင့် ခွင့်ရက်ရယူခဲ့တာမျိုး မရှိခဲ့ဘူးဆိုတာ ခင်ဗျားတို့ကို ကျွန်တော်တို့ အသိပေးပါရစေ” ဆိုပြီး သတင်းထုတ်ပြန်လာပါတယ်။

Siwan ဟာ လပေါင်း ၂၀ ခန့် စစ်မှုထမ်းခဲ့ပြီး လတ်တလောမှာ “Hell is other people” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ စတင်နေပြီပဲဖြစ်ပါတယ်။

(ပိုပိုလေး)

 



Follow us on