1. Home
  2. Movie Stars - Celebrity

အားလပ်ချိန်ကို စာဖတ်ရင်းအချိန်ကုန်ဆုံးတတ်တဲ့ ကိုးရီးယား အနုပညာရှင်များ

Movie Stars - Celebrity มิ.ย. 18, 2562 view 1,688

တောင်ကိုးရီးယားနိုင်ငံရှိ အနုပညာရှင်များဟာဆိုရင် နာမည်ကြီးလာတာနဲ့ အမျှ ကိုယ်ပိုင်အချိန်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ ဆိုတာ မသေချာတော့ပါဘူး။ နိုင်ငံတကာက အားပေးနေတဲ့ အနုပညာရှင်တွေဟာ ရှုပ်ထွေးလှတဲ့ အချိန်ဇယားတွေကြားမှာ လုံးပန်းရင်း အားလပ်ချိန်ကို မနည်းဖဲ့ယူနေရတဲ့ သူတွေချည်းပါပဲ။ များသောအားဖြင့် တော်တော်များများက အားလပ်ချိန်ကို သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံကာ အချိန်ဖြုန်းလေ့ရှိကြပေမဲ့ ဒီလူတွေကတော့ သူတို့ အားလပ်ချိန်ကို စာဖတ်ရင်းနဲ့သာ ကုန်ဆုံးလေ့ရှိပါသတဲ့။ စာဖတ်ဝါသနာပါတဲ့ ကိုးရီးယားအနုပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

၁။ IU

အဆိုတော် သရုပ်ဆောင် IU ဟာ ငယ်စဉ်က မိဘတွေက အပြစ်တစ်ခုခုလုပ်မိတိုင်း ဆူပူရိုက်နှက်အပြစ်ပေးတာထက် စာကြည့်ခန်းထဲပို့ပြီး စာအုပ်ဖတ်စေခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် IU ဟာ အသက်အရွယ်ကြီးတဲ့အထိ စာဖတ်ဝါသနာပါနေခဲ့တာပါ။

၂။ Cha Eunwoo

Astro အဖွဲ့ဝင် Cha Eunwoo ကတော့ ကျောင်းတက်တုန်းက အတန်းထဲမှာ အတန်းခေါင်းဆောင်ဖြစ်ခဲ့ပြီး စာဖတ်အသင်းရဲ့ ခေါင်းဆောင်တစ်ဦးလဲဖြစ်ခဲ့တာကြောင့် စာဖတ်ဝါသနာပါသူတစ်ဦးဖြစ်လာခဲ့ပါတယ်။

၃။ Yoo Jae Suk

Running Man အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Yoo Jae Suk ကတော့ သူ့အားလပ်ချိန်တွေမှာ စာအုပ်တွေနဲ့ သတင်းစာဖတ်ရင်း အချိန်ကုန်လေ့ရှိတယ်လို့ ပြောကြားဖူးပါတယ်။

၎။ Yoo Hae Jin

သရုပ်ဆောင် Yoo Hae Jin ရဲ့ ဝါသနာတွေကတော့ သီချင်းဆိုခြင်း၊ စာအုပ်ဖတ်ခြင်းနဲ့ တောင်တက်ခြင်းတို့ပဲဖြစ်ပါတယ်။ Yoo Hae Jin က စာဖတ်နာသူတစ်ဦးဟာ သူ့ရဲ့ ပြင်ပပုံစံမှာပါ အနေအထိုင် နူးညံ့သိမ်မွေ့နေပြီး စကားပြောပြေပြစ်ကြောင်းကိုလဲ ပြောပြသွားပါတယ်။

၅။ Kim Hye Soo

သရုပ်ဆောင် Kim Hye Soo ကတော့ မတူညီတဲ့ ဘာသာစကားစာအုပ်တွေကို ဖတ်ရတာ ကြိုက်ပါသတဲ့။ စာအုပ်တစ်အုပ်ကို ကြိုက်နှစ်သက်မိရင် အဆိုပါစာအုပ်ကို တခြားဘာသာနဲ့ ပြန်လည်ရေးသားထားတာကိုပါ ရှာဖတ်လေ့ရှိတယ်လို့ ပြောပါတယ်။

၆။ Girls’ Generation Seohyun

Girls’ Generation အဖွဲ့ဝင် Seohyun ကတော့ တရားထိုင်ခြင်းနဲ့ စာအုပ်ဖတ်ခြင်းက သူမ စိတ်ကိုအေးချမ်းစေတာကြောင့် အမြဲတမ်းလိုလို လုပ်ဖြစ်နေပါတယ်တဲ့။ သူမဟာ တခြားအဖွဲ့ဝင်တွေကိုလဲ စာဖတ်အောင် အမြဲစည်းရုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

၇။ Yoon Shi Yoon

သရုပ်ဆောင် Yoon Shi Yoon ကတော့ 2Days and 1Night အစီအစဉ်မှာ တစ်လကို စာအုပ် ၂၀ ပြီးအောင်ဖတ်လေ့ရှိကြောင်းပြောပြဖူးပါတယ်။

၈။ Moon Ga Young

သရုပ်ဆောင် Moon Ga Young ဟာ problemetic အစီအစဉ်မှာ လာရောက်ရိုက်ကူးရင်း စာဖတ်ရတာ စာအုပ်တွေကြားမှာနေရတာကို နှစ်သက်သဘောကျမိကြောင်း ပြောကြားသွားပါတယ်။

မိတ်ဆွေတို့ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေကတော့ စာဖတ်ဝါသနာပါကြပါတယ်။ မိတ်ဆွေတို့ရော စာဖတ်ဝါသနာပါကြရဲ့လား?

(ပိုပိုလေး)

 



Follow us on