1. Home
  2. Movie Stars - Celebrity

B.I ကိုအမှုဖွင့် စစ်ဆေးသွားမည်မဟုတ်ကြောင်းရဲဋ္ဌာနနဲ့ စုံစမ်းစစ်ဆေးရေးမှူးများပြောကြား

Movie Stars - Celebrity มิ.ย. 19, 2562 view 1,485

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်ကေပေါ့ပ်အဆိုတော်အဖွဲ့ Ikon မှ အဖွဲ့ခေါင်းဆောင် B.I ဟာဆိုရင် လွန်ခဲ့တဲ့ ၂၀၁၆ က Mr.A ဆိုသူ လူတစ်ဦးနဲ့ kakaotalk မှာမူးယစ်ဆေးအကြောင်း မေးမြန်းစုံစမ်းတဲ့ chat message များ Disptach မှ ချပြခြင်းကို ခံခဲ့ရပါတယ်။ B.I နဲ့အတူ မူးယစ်ဆေးအကြောင်း ပြောဆိုခဲ့တဲ့ Mr.A ကတော့ မိန်းကလေးတစ်ဦးဖြစ်ပြီး ရဲများက သူမကို သာ အဓိကထား စုံစမ်းစစ်ဆေးလိုကြောင်း ပြောဆိုလာပါတယ်။ ရဲဋ္ဌာနနဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေ ဒီအမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလိုတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Suwon နယ်မြေ စုံစမ်းစစ်ဆေးရေးမှူး အရာရှိတစ်ဦးဖြစ်တဲ့ Lee Soo Kwon ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က B.I အမှုနဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ “ကျွန်တော်တို့ အဓိက target ထားတာကတော့ B.Iကိုမဟုတ်ပါဘူး။ သူ့ကို မူးယစ်ဆေး အရောင်းအဝယ် ပြုလုပ်တဲ့ Han Seo Hee ဆိုတဲ့ မိန်းကလေးကိုပါ။ သူမကို အမှုစစ်ဖို့ ကြိုးစားနေပေမဲ့ ဆက်တိုက်ငိုနေတာကြောင့် အခုအချိန်ထိ စစ်ဆေးလို့မရသေးပါဘူး။” ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

တစ်ဖန် Han Seo Hee ဘက်မှလဲ ရဲဘက်ကို သူမအနေနဲ့ B.I ကို မူးယစ်ဆေးသုံးစွဲဖို့ တိုက်တွန်းအားပေးတာမျိုးမရှိခဲ့ကြောင်း ထွက်ဆိုထားကြောင်းသိရပါတယ်။

Han Seo Hee ဟာ Big Bang အဖွဲ့ဝင် T.O.P နဲ့ မူးယစ်ဆေး အတူသုံးစွဲခဲ့ပြီး လူငယ်ပြုပြင်ရေးစခန်းမှာ ထိန်းသိမ်းခံခဲ့ရသူတစ်ဦးပဲဖြစ်ပါတယ်။ လက်ရှိအမှုဟာ မူးယစ်ဆေးနဲ့ ပတ်သတ်ပြီး ၃ ကြိမ်မြောက် စုံစမ်းစစ်ဆေးခံရခြင်းပဲဖြစ်ပါတယ်။

(ပိုပိုလေး)



Follow us on