1. Home
  2. Movie Stars - Celebrity

အကြွေးကျေအောင်လို့ သရုပ်ဆောင်လုပ်ရင်းက အောင်မြင်လာတဲ့အကြောင်းပြောပြလာတဲ့ Sung Hoon

Movie Stars - Celebrity มิ.ย. 19, 2562 view 1,560

တောင်ကိုးရီးယားနာမည်ကျော်သရုပ်ဆောင် Sung Hoon ဟာဆိုရင် My Secret Romance ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူမြန်မာပရိတ်သတ်တွေရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ Sung Hoon ဟာ ၂၀၁၀-၂၀၁၁ လောက်ကတည်းက အနုပညာလောကကို သရုပ်ဆောင်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ကျရှုံးမှု၊ ငြင်းပယ်ခံရမှုတွေ အများအပြားရှိခဲ့ကြောင်း လတ်တလော SBS က ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားလာပါတယ်။ Sung Hoon သရုပ်ဆောင်အလုပ်ကို အကြွေးတွေကျေအောင်ဆပ်ဖို့ ကြိုးစားလုပ်ကိုင်ရင်းက ဒီလို ပရိတ်သတ်အသိအမှတ်ပြုတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာတာဖြစ်ကြောင်းကိုလဲ ပြောပြလာပါတယ်။ Sung Hoon တစ်ယောက် သူ့ဘဝ အခြေအနေတွေအကြောင်းကို ဘယ်လိုရင်ဖွင့်သွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Sung Hoon ဟာ သရုပ်ဆောင်အလုပ်မလုပ်ခင်က ရေကူးချန်ပီယံ တစ်ဦးဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ရေဆက်မကူးနိုင်တော့ဘဲ သရုပ်ဆောင်အလုပ်ကို ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ် စတင်လုပ်ကိုင်တဲ့အခါ သူ့ကို ဇာတ်ကားတော်တော်များများမှာပါဝင်ဖို့ ခဏတိုင်း ငြင်းဆိုခံခဲ့ရပါတယ်။ ဒါပေမဲ့ Sung Hoon ဟာ လက်မလျော့ပဲ သရုပ်ဆောင်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီလို အလုပ်ကြိုးစားဖို့ အားမလျော့ဖို့ ဖြစ်လာတဲ့ အကြောင်းအရင်းကတော့ သူ့မှာ အကြွေးတွေအများကြီး ရှိနေခဲ့လို့ပါတဲ့။

“ကျွန်တော် သရုပ်ဆောင်စလုပ်တော့ အကြွေးတွေအများကြီးတင်ခဲ့ဖူးတယ်။ ဒီဆပ်ရမယ့် အကြွေးတွေကြောင့်ပဲ သရုပ်ဆောင်လုပ်တာကို ရပ်တန့်လို့မရခဲ့ဘူး။ ကျွန်တော့် ခေါင်းထဲ အကြွေးကျေအောင် ဘယ်လိုဆပ်ရမလဲပဲ ရှိနေခဲ့တာ အဆုံးထိသွားရအောင်ဆိုပြီး ဆုံးဖြတ်ထားခဲ့တယ်” ဆိုပြီး ပြောပြလာပါတယ်။

Sung Hoon ဟာ သရုပ်ဆောင်အလုပ်စတင်တဲ့နှစ် ၂၀၁၁ မှာပဲ News Tales of Gisaeng ဆုကိုရရှိခဲ့ပြီး ပရိတ်သတ်အသိအမှတ်ပြုမှုကို ဖြည်းဖြည်းချင်း ရယူနိုင်ခဲ့ပါတယ်။ အခုဆိုရင် Sung Hoon ဟာ  အကြွေးတွေလဲကျေသွားပြီး ပရိတ်သတ်အခိုင်အမာရရှိထားထဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်။

Source-koreaboo

(ပိုပိုလေး)



Follow us on