1. Home
  2. Movie Stars - Celebrity

မိန်းမတစ်ယောက်ရဲ့ အလှအပနဲ့ ပတ်သတ်ပြီး သူမရဲ့ခံယူချက်ကို မျှဝေလာတဲ့ Cho Yeo Jung

Movie Stars - Celebrity มิ.ย. 19, 2562 view 1,646

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်မင်းသမီး Cho Yeo Jung ဟာ ဆိုရင် သူမရဲ့ လှပတဲ့ ကိုယ်ခန္ဓာအချိုးအစားနဲ့ ချစ်စဖွယ်ကောင်းတဲ့ မျက်နှာဖူးဖူးလေးကြောင့် ချစ်ခင်သူပရိတ်သတ်တွေ အများအပြားရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။ သူမဟာ လတ်တလောပြုလုပ်တဲ့ SBS မှ အင်တာဗျူးတစ်ခုမှာ မိန်းကလေးတစ်ယောက်ရဲ့ အလှအပဆိုင်ရာကိစ္စတွေ အပေါ် သူမရဲ့ ထင်မြင်ချက်အချို့ကို ဝေမျှလာပါတယ်။ Cho Yeo Jung ဘယ်လို ဝေမျှထားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Cho Yeo Jung ဟာ သူမ ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သတ်ပြီး “တစ်နှစ်မှာ ၃၆၅ ရက်ရှိရင် ၃၆၀ လောက်က ကျွန်မ diet လုပ်နေတာပါပဲ” လို့ ပြောပြလာပါတယ်။

သူမဟာ ရုပ်ရှင်ကြည့်ရင်းက အမျိုးသမီး ဇာတ်ကောင်တစ်ဦးပြောတဲ့စကားကို သဘောကျနှစ်သက်ပြီး ခန္ဓာကိုယ်အချိုးအစားကို အမြဲတစေ ထိန်းသိမ်းဖြစ်ခဲ့ကြောင်းကို ပြောသွားပါတယ်။ “လူတွေက ကျွန်မကို အမြဲဝိတ်ထိန်းဖို့ ကြိုးစားနေတော့ မခက်ခဲဘူးလားလို့ မေးကြတယ်။ ကျွန်မကြည့်ဖူးတဲ့ ဇာတ်ကားထဲမှာ မင်းသမီးက ‘ပင်ကိုယ်အလှနဲ့ မွေးဖွားလာဖို့ဆိုတာ လွယ်တယ်မှတ်နေလား’ လို့ ပြောသွားတယ်။ ဒါဟာ ဘယ်လိုအဖိုးတန်တဲ့စကားလဲ။ ကျွန်မမိဘက ကျွန်မကို လှပတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးအစားကိုပေးထားပြီးပြီ ဒါကို ဒီထက်ပိုလှအောင် ပိုကောင်းအောင် ဆက်လက်ထိန်းသိမ်းရမှာ ကျွန်မတာဝန်ပဲ” ဆိုပြီး ပြောကြားသွားပါတယ်။

မိန်းကလေးတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာ နူးညံ့သိမ်မွေ့ပြီး တွေးခေါ်အားကောင်းဖို့ကလဲ အရေးကြီးသလို ရုပ်ပိုင်းဆိုင်ရာမှာ အမြင်တင့်တယ် လှပနေဖို့လဲ လိုအပ်ပါတယ်။ မိဘမွေးတုန်းက လှလှပပလေး မွေးထားတာကို တန်ဖိုးထားတဲ့အနေနဲ့ ပိုမိုလှပအောင် ထိန်းသိမ်းတတ်တဲ့ Cho Yeo Jung ရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။

(ပိုပိုလေး)

 



Follow us on