1. Home
  2. Movie Stars - Celebrity

သီလရှင်ဝတ်ပြီးပြောင်းလဲလာတဲ့ စိတ်သဘောထားအကြောင်းပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်း

Movie Stars - Celebrity มิ.ย. 19, 2562 view 1,828

နိုင်ငံကျော် အဆိုတော်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းဟာဆိုရင် အဆွေးသီချင်းလေးများနဲ့ ပရိတ်သတ်ရဲ့ နှလုံးသားကို လှုပ်ကိုင်နေသူတစ်ဦးပါ။ ဝိုင်းစုခိုင်သိန်းဟာ ပြီးခဲ့တဲ့ ဧပြီလမှာ သာသနာ့ဘောင်ကိုခေတ္တဝင်ရောက်ခဲ့ပြီး သူမရဲ့ သာသနာ့ အတွေ့အကြုံတွေကို ဝေမျှလာပါတယ်။ ဝိုင်းစုရဲ့ သာသနာ့ဘောင် အတွေ့အကြုံက ဘာဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

နိုင်ငံကျော်အဆိုတော် ဝိုင်းစုခိုင်သိန်းဟာ သီလရှင်ဝတ်တာနဲ့ ပတ်သတ်ပြီး သူမရဲ့ အတွေ့အကြုံတွေကို 8Days ဂျာနယ် အင်တာဗျူးမှတစ်ဆင့်ဝေမျှလာပါတယ်။

သင်္ကြန်မှာ သီလရှင်ဝတ်ဖြစ်သွားခြင်းအကြောင်းအရင်းနဲ့ ပတ်သတ်ပြီး “ဝိုင်းစုအစကတော့ သီလရှင်လည်း ဝတ်ချင်တယ်၊ ဆံပင်ကိုစွန့်ရမှာလဲ စိုးတာရယ် ဖြစ်ပြီး တရားစခန်းဝင်ရင်ကောင်းမလား သီလရှင်ဝတ်ရင်ကောင်းမလားဖြစ်ခဲ့ပေမယ့် အနီးကပ်လေ သီလရှင် ဝတ်ချင်စိတ်က ပိုများလာလို့ ဝတ်ဖြစ်ခဲ့တာပါ” ဆိုပြီးဖြေကြားထားပါတယ်။

“ဝိုင်းစုက အရင်ကဒေါသအရမ်းကြီးတယ် သီလရှင်ဝတ်ပြီးတဲ့အခါမှာ ဒီဒေါသကြီးကို ထိန်းနိုင်ခဲ့တယ်” ဆိုပြီး သီလရှင်ဝတ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တစ်ခုကို ပြောပြလာပါတယ်။

]

ပရိတ်သတ်ကြီးချစ်တဲ့ ဝိုင်းစုခိုင်သိန်းဟာဆိုရင် သင်္ကြန်တွင်းမှာ ကုသိုလ်ယူရင်း စိတ်အေးချမ်းမှုတစ်ခုကို ရှာတွေ့နိုင်ခဲ့ပါပြီ။ ဝိုင်းစုခိုင်သိန်းတစ်ယောက် ဒီထက်ပိုတဲ့ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုတွေ ရရှိနိုင်ပါစေလို့ ပိုပိုလေးနဲ့အတူ ဆုတောင်းပေးလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

Source- 8Days Journal

(ပိုပိုလေး)

 

 



Follow us on