1. Home
  2. Movie Stars - Celebrity

ပရိတ်သတ်ကို မချေမငံပြောဆိုမိတာကြောင့် အပြစ်တင်ခံနေရတဲ့ Ha Yeon Soo

Movie Stars - Celebrity มิ.ย. 19, 2562 view 1,473

တောင်ကိုးရီးယား နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Ha Yeon Soo ဟာ လတ်တလော သူမအင်စတာဂရမ်က ပို့စ်တစ်ခုအောက်မှာ ပရိတ်သတ်ကို မချေမငံ ပြောဆိုမိတာကြောင့် ပြည်သူလူထုရဲ့ ပြစ်တင်ဝေဖန်မှုကို ခံနေရတာပဲဖြစ်ပါတယ်။ Han Yeon Soo တစ်ယောက် ပရိတ်သတ်က သူမကို ဘာလာပြောလို့ မချေမငံပြန်ပြောလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Han Yeon Seo ဟာပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့၊ အင်စတာဂရမ်အကောင့်မှာ သူမကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားရောင်းရန်ရှိသည်ဆိုပြီး ပို့စ်တင်ခဲ့ပါတယ်။ ပန်းချီးကားမှာ ငှက်နဲ့ ပန်းပုံများပါရှိပြီး ယမန်နှစ်က ရေးဆွဲထားတာဖြစ်ကြောင်း Han Yeon Seo ကထည့်သွင်းရေးသားထားပါတယ်။

အဆိုပါဓာတ်ပုံအောက်မှာ Han Yeon Seo က “ဒီပန်းချီကားကို Yeon Seo ကိုယ်တိုင် ရေးဆွဲထားတာလားဆိုပြီး” ကော်မန့်ထဲမှာ မေးမြန်းခဲ့ပါတယ်။ ဒါကို Han Yeon Seo က “ဒီလိုမေးခွန်းမျိုးမေးခံရတာ အကြိမ်ငါးရာရှိနေပြီ အခုကစပြီး လူတွေလဲ သိသင့်ပြီထင်ပါတယ်၊ ဟုတ်တယ် ကျွန်မ ပန်းချီဆွဲလာတာ နှစ် ၂၀ လောက်ရှိပြီ ” ဆိုပြီး ပြန်လည်ဖြေကြားထားပါတယ်။

တစ်ဖန် Han Yeon Seo ဟာ သူမအင်စတာဂရမ်မှာပဲ နောက်ထပ်ပို့စ်တစ်ခုတင်ပြီး ၁၉ က်မှ ၂၅ ရက်အတွင်း ပန်းချီပြပွဲပြုလုပ်မည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။ အဆိုပါ ပို့စ်မှာ ပရိတ်သတ်တစ်ဦးက “ပန်းချီပြပွဲကို Han Yeon Seo ကိုယ်တိုင်လာမလာ ” မေးမြန်းတဲ့အခါမှာတော့ “ပြပွဲမှာ ကျွန်မရှိခြင်းမရှိခြင်းက ကျွန်မပန်းချီကားတွေနဲ့ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

သူမရဲ့ ဖြေကြားချက်တွေကို ကြည့်ပြီး ပရိတ်သတ်များက မချေမငံ ပြောဆိုတယ်ဆိုပြီး လူမှုကွန်ယက်မှာ အပြစ်တင်ဝေဖန်နေကြပါတယ်။

source-koreaboo

(ပိုပိုလေး)



Follow us on