1. Home
  2. Movie Stars - Celebrity

ဖြစ်ပျက်ခဲ့တဲ့ မူးယစ်ဆေးပြဿနာများကြောင့် YG မှအနုပညာရှင်များ နှုတ်ထွက်ဖို့ ပြင်ဆင်

Movie Stars - Celebrity มิ.ย. 20, 2562 view 1,612

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ World Daily report အရ နာမည်ကျော် ကိုးရီးယား ဖျော်ဖြေရေးအေဂျင်စီ YG Entertainment မှအနုပညာရှင်များဟာ နှုတ်ထွက်ဖို့ ပြင်ဆင်နေကြကြောင်း သိရပါတယ်။ YG ဟာဆိုရင် နာမည်ကျော် ကေပေါ့ပ်အဖွဲ့များဖြစ်တဲ့ Big Bang, 2NE1, Blackpink, Winner, Ikon, Lee Hi, Akdong musicians တို့ ကိုမွေးထုတ်ပေးတဲ့ Entertainment ပဲဖြစ်ပါတယ်။ ကမ္ဘာကျော် Gangnam Style သီချင်းအဆိုရှင် Psy ဟာလဲ တစ်ချိန်က YG က အနုပညာရှင်တစ်ဦးပါပဲ။ YG မှာ ကေပေါ့ပ်အဆိုတော်များသာမက နာမည်ကျော် သရုပ်ဆောင်များပါရှိနေပါသေးတယ်။ YG မှာရှိတဲ့ အနုပညာရှင်များဟာ နာမည်ကျော် ဒိတ်ဒိတ်ကျဲတွေများပြားပြီး လက်ရှိ YG ပြိုလဲမလို ဖြစ်နေတဲ့အချိန်မှာ YG မှ အနုပညာရှင်တွေကို ခေါ်ချင်တဲ့ အေဂျင်စီများက ဒုနဲ့ဒေးပါပဲ။ တခြားအေဂျင်စီတွေအလိုရှိနေတဲ့ YG က နာမည်ကျော် သရုပ်ဆောင်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Choi Ji Woo

Im Ye Jin

Kang Dongwon

Yoo Inna

Cha Seung Won

Sandara Park

Kim Sae Ron

Nam Joo Hyuk

Lee Sung Kyung

Lee Soo Hyuk

Jung Jae Won(one)

Son Ho Jun

Kwon Hyunbin

Jang Ki Yong

YG Entertainment မှ သရုပ်ဆောင်တွေဟာ နာမည်ကျော်တော့ပ်စတားတွေ ဖြစ်တဲ့အတွက် ကျန်တဲ့ တခြားအေဂျင်စီတွေက သူတို့ကို သူ့ထက်ငါအပြိုင် အလိုရှိနေကြပါတယ်။ အနုပညာရှင်များအနေနဲ့လဲ လက်ရှိအခြေအနေအရ YG မှထွက်ဖို့ ပြင်ဆင်နေကြကြောင်း အသိပေးလာခဲ့ပါတယ်။  YG ဟာ လတ်တလော မူးယစ်ဆေးအမှုနဲ့ စုံစမ်းစစ်ဆေး ခံရတော့မှာဖြစ်ပြီး YG Entertainment ရဲ့ CEO နှစ်ယောက်ဖြစ်တဲ့ Yang Hyun Suk နဲ့ Yang Min Suk တို့ ညီအစ်ကို နှစ်ယောက်လုံးရာထူးမှ နှုတ်ထွက်သွားပြီပဲဖြစ်ပါတယ်။ CEO မရှိတဲ့ YG ဟာ ဘယ်လိုဆက်ဖြစ်မလဲ ဆိုတာဆက်လက်စောင့်ကြည့်ရမှာပါ။

(ပိုပိုလေး)



Follow us on